ဂင်ယောင်း(Arc -2.3)

13.8K 1K 26
                                    

<Unicode>
ဘာလိုလိုနဲ့ဂျွန်းထယ်တို့အိမ်မှာနေနေသည်မှာတပတ်တောင်ပြည့်ပီ။ဂျွန်းထယ်ကသူ့အားလိုလေသေးမရှိအောင်ထားပီးအလွန်လဲဂရုစိုက်သည်။ခက်တာကခုထိဖွင့်မပြောသေးတာပင်။ဘယ်ဘဝရောက်ရောက်ပါလာတဲ့အကျင့်တေထဲမှာဖွင့်ပြောရမှာကြောက်တဲ့အကျင့်ကြီးပါပါလာတာလားဟုတောင်ထင်မိသည်။ဒီကရေလာမြောင်းပေးလုပ်ရလွန်းလို့ဆည်တောင်ဆောက်လို့ရတော့မယ်သူ့ကတော့'အရုပ်လေးဘာစားမလဲ'ပဲထွက်လာလာတယ်။

"အရုပ်လေး ဖျော်ရည်ရပီ"

အဲ့မှာကြည့်သူ့အိမ်စရောက်ထဲကအစားသောက်တေပဲတမျိုးပီးတမျိုးလုပ်ကျွေးနေသည်။systemကသင်ပေးလိုက်တဲ့အချက်ပြုတ်စွမ်းရည်ကသူ့ကိုယ်ထဲရောက်သွားတာလားပင်မသဲကွဲဘူး။

ring ring

"Hello"

"ဂင်ယောင်း ကိုယ်ပါဟန်မြောင်"

"အော် ဟန်မြောင်ပြောလေ"

ခလွမ်း...

ဟန်မြောင်ဆိုတဲ့နာမည်ကြားတာနဲ့အအေးခွက်လွတ်ကျသွားတဲ့ဂျွန်းထယ်ကြောင့်ဂင်ယောင်းအကြံရသွားကာ...

"ဟန်မြောင်ကပြောစရာရှိလိုလားဟင်"

"အင်း ကိုယ်နဲ့ဂျီယွန်းကသဘက်ခါလက်ထပ်ကျမှာ ဖိတ်စာလဲပို့မှာဆိုပေမယ့်ကိုယ့်သူငယ်ချင်းကိုကိုယ်တိုင်အရင်ပြောချင်လို့ဖုန်းဆက်လိုက်တာ"

"အော် ဒါဆိုဂင်ယောင်းကဟန်မြောင်အတွက်အရေးပါတဲ့သူပေါ့နော်"

ဂျွန်းထယ်ကိုမသိမသာအကဲခတ်ကြည့်တော့ဆောက်တည်ရာမရဖြစ်နေလေသည်။ဟိုကဘာပြောလဲမကြားရပေမယ့်ဂင်ယောင်းပြောတာတော့ကြားနေရတာကြောင့်တမင်သူအူတိုအောင်စနေခြင်းပင်။

*သူများနောက်ပါမှာလဲကြောက်သေးတယ် ချစ်နေတာကျဖွင့်မပြောပဲနဲ့ ဟွန့်*

"ဂင်ယောင်း ဆက်ဆက်လာခဲ့နော်"

"ဟန်မြောင်ကခေါ်မှတော့လာရမှာပေါ့ ဆက်ဆက်လာခဲ့မယ်နော် စောင့်နေသိလား"

"ok bye ဂင်ယောင်း"

"bye bye ဟန်မြောင်"

"အရုပ်လေး ဘယ်သွားမလို့လဲဟင်"

Revenge System(Completed)Where stories live. Discover now