၄၃..ပြန်လည်ရောက်ရှိလာခြင်း

4K 355 8
                                    

[Unicode]

သူမသက်ပြင်းချလိုက်သည်။

ထို့နောက်ရှီးရှီး ၀တ္ထုထဲကခွေးလေးကိုထပ်အမှတ်ရမိတော့သူမကိုယ့်ပါးကိုလိမ်ဆွဲလိုက်သည်၊ဟွန့်,အဓိကဇာတ်ဆောင်စုတ် ဘယ်သွားသွားခလုတ်‌တိုက်ပါစေ၊မစွမ်းဆောင်နိုင်တယ့်ယောက်ျားတစ်ယောက်လည်းဖြစ်ပါစေလို့ဆုတောင်းတယ်။

အဓိကဇာတ်‌ဆောင်နှစ်ယောက်ကအခုလောက်ဆိုသူတို့ရဲ့ပျော်ရွှင်ဖွယ်အဆုံးသတ်ကိုခံစားနေရလောက်ပြီ 'အာ..စိတ်ရှုတ်စရာကောင်းလိုက်တာ'

ရင်ဘတ်ထဲကမွန်းကျပ်လာတယ့်ခံစားချက်ကို သက်သာစေဖို့သူမ ကိုယ့်ရင်ဘတ်ကိုဖိကာတွေးလိုက်သည်'ဘာပဲဖြစ်ဖြစ်..မေ့လိုက်တော့မယ်'

ရှီးရှီးပြန်ရောက်လာကတည်းက ၀တ္ထုကိုမဖတ်ရသေးပေ၊အမှန်တိုင်းပြောရရင် သူမဝိညဉ်ထပ်ကူးပြောင်းသွားကိုကြောက်နေသောကြောင့်ဖြစ်သည်။

ဒီလတွေအတွင်း သူမအလုပ်များနေတာလည်းပါသည်၊ဒါပေမယ့် ကျင်းအာနဲ့အမတ်ချုပ်အိမ်ကလူတွေအတွက်တော့စိတ်ပူနေဆဲပင်၊ဝတ္ထုရဲ့အဆုံးသတ်ကိုရှီးရှီးတကယ်ပြန်စစ်ကြည့်ချင်နေသည်။

ညချိန်ရောက်လာပြီဖြစ်၏။

လျှိုမဲ့ကသူမအခန်းတံခါးပေါက်တွင်‌ရပ်နေကာ ရှီးရှီးကိုမျက်စိစပါးမွှေးစူးစရာလို ကြည့်နေသည်၊ကံမကောင်းစွာနဲ့ပဲ,ရှီးရှီးကသူမနဲ့အခု တစ်အိမ်တည်းမှာအတူနေရပါတယ်။

ဝိညဉ်ကူးပြောင်းတာကြောင့်စိတ်ဒဏ်ရာရတာတွေရော၊အလုပ်ပြောင်း၊တိုက်ခန်းပြောင်း၊အိပ်ယာပြောင်းပြီးနေရတာတွေကြောင့် ၀တ္ထုလဲမဖတ်ဖြစ်ပေ။

တောင်းပန်တာထက်လုံခြုံဖို့ကအရေးကြီးတယ်လေ။

"မြန်မြန်,ဖတ်ပြပေးပါ"

"ဘာ,ငါကဘာလို့လဲ၊ဘာလို့ငါကဒီလိုအသုံးမ၀င်တယ့်ဟာကိုဖတ်ရမှာလဲ"

ဒီဝတ္ထုက ငါ့ကိုငါးနှစ်ကြာအောင်ဒုက္ခပေးခဲ့တာ ဒီလောက်နဲ့မထိုက်တန်ဘူး.. (ကျေးဇူးပြုပြီး အကြံပေးပါရစေ၊နောက်စကားလုံးတွေမှာ ဆဲနည်းပေါင်းစုံပါ၀င်နေပါသည်) 'that motherfu***r! *beep!*beep! Stup*beep*beep*beep** f*cking cliche dogblood gongtingju (နန်းတွင်းဒရမ်မာစုတ် )!'

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now