ဂင်ယောင်း(Arc -2.5)

13.5K 1K 15
                                    

<Unicode>
ဂင်ယောင်းဒီနေ့စောစောနိုးနေတာကြောင့်မနက်စာပြင်ရန်အောက်ထပ်သို့ဆင်းလာသည်။အိမ်အကူအဒေါ်ကြီးကလဲရွာပြန်နေသည်မို့အိမ်ထဲတွင်ဘယ်သူမှမရှိတာကြောင့်ဂျွန်းထယ်ရဲ့ညဝတ်ဘောင်းဘီနဲ့ဝမ်းစက်အင်္ကျီလေးတစ်ထည်ကိုသာboxerလေးခံဝတ်ထားသည်။အောက်ထပ်ရောက်တော့ဘဲလ်သံကြားတာကြောင့်အမှတ်တမဲ့တံခါးသွားဖွင့်မိလိုက်သည်။

"suprise!! အယ်"

ဂျွန်းထယ်ရဲ့မိဘတေကဂျွန်းထယ်မွေးနေ့အားsupriseလုပ်ရန်လာခဲ့ပေမယ့်သူတို့ကိုယ်တိုင်ကsupriseတိုက်ခံလိုက်ရသည်။သူတို့အားလုံးဟာစကားမပြောဖြစ်ကြပဲဧည့်ခန်းတွင်တိတ်ဆိတ်စွာထိုင်ရင်းဂင်ယောင်းအားအကဲခတ်နေကြသည်။ဂင်ယောင်မှာနေရခက်စွာလက်တေကိုသာပွတ်နေမိသည်။အင်္ကျီကဒူးလောက်ထိရှည်နေလို့သာတော်သေးသည်မဟုရင်ဂျွန်းထယ်မိဘတေကိုဘယ်လိုမျက်နှာပြရမလဲမသိ။ထိုအချိန်အိမ်ပေါ်ထပ်ကဝုန်းဒိုင်းဆင်းလာကာအသံဗြဲနဲ့အော်ခေါ်နေတဲ့သားတော်မောင်အားထိုကောင်လေးကအသံပေးလိုက်တော့အသည်းသန်ပြေးလာပီးဖက်ကာငိုတော့သည်။သူတို့ကိုတောင်သတိမထားမိပဲအန္ဒြေတောင်မဆည်နိုင်တော့တဲ့အထိပင်။သေချာကြည့်မိတော့သူ့သားဝတ်ထားတဲ့ဘောင်းဘီရဲ့ဝမ်းဆက်အင်္ကျီကိုရှေ့ကကောင်လေးကဝတ်ထားတာကြောင့်အခြေနေကိုနားလည်လိုက်သည်။

"အဟမ်း! အဟမ်း!"

"ဟိုက် အိုမား! အာပါး!"

"အေးငါတို့ပဲ"

"ဟို ဘယ်ကနေဘယ်လို"

"အဲ့တာအသာထား မျက်ရည်တေသုတ်စမ်း"

"ဟုတ်ကဲ့"

"ကဲပြောစမ်းပါအုံး မိန်းမပေးစားလို့ကိုရီးယားကိုပြန်ပြေးလာတဲ့သူကအခုဘယ်လိုဖြစ်ရတာလဲ"

"အိုမားကလဲသားမှမိန်းမမယူချင်တာ"

"ဟယ် ဒါဆိုနင်ကယောက်ျားယူချင်တာပေါ့"

"ယောက်ျားလဲမလိုချင်ပါဘူး ကျနော်ကအရုပ်လေးကိုပဲလိုချင်တာ"

"အိုမားတို့ကသဘောမတူဘူးဆိုရင်တော့"

"ကျနော်သူ့ကိုပဲယူမှာ"

Revenge System(Completed)Where stories live. Discover now