Chapter 143

21.1K 3.3K 215
                                    

Unicode

ယန်းချင်းချီ : ငါ့ကိုစပွန်ဆာပေးမယ်? ဒီခွေးရဲ့သတ္တိက ကောင်းလှချည်လား!
__________________________________

နှစ်ယောက်တွဲဓာတ်ပုံရိုက်ပေးဖို့အတွက် ဆူးချင်းလက်ထဲကဖုန်းကို သူမအမေဆီလှမ်းပေးလိုက်သည်။

ဓာတ်ပုံထဲမှာ ဆူးချင်းက အပြစ်ကင်းစင်စွာ လှလှပပလေးပြုံးနေတဲ့အချိန် သူမဘေးမှာရပ်​နေသည့်ယန်းချင်းချီကတော့ ဆူးချင်းခေါင်းပေါ် V ပုံစံလက်နှစ်ချောင်းထောင်ရင်း စွဲမက်ဖွယ်ကောင်းသည့်အပြုံးဖြင့် ကင်မရာကိုကြည့်နေခဲ့သည်။

ညက ကျန်းမော့ချန်ပြောတာတွေကို ဆူးချင်းအားပြန်ပြောပြလိုက်ပြီး အရွယ်ရောက်လာလို့ ဇာတ်ကောင်ရွေးတဲ့အခါမှာလည်း သေချာဂရုစိုက်ရွေးချယ်ဖို့ အထူးမှာကြားလိုက်လေသည်။ ဆူးချင်းက ယန်းချင်းချီ ဘာပြောပြော လိမ်လိမ်မာမာလေးခေါင်းငြိမ့်ကတိပေးလာကာ

'' စိတ်ချပါ လင့်ကောကော ညီမလေးကတိပေးပါတယ် တကယ်လို့ ညီမလေးအရွယ်ရောက်လာတာနဲ့ သရုပ်ဆောင်လုပ်ဖို့စိတ်ပိုင်းဖြတ်ပြီးသွားပြီဆိုရင် ကောကောကိုအရင်ဆုံးအသိပေးမှာပါ အဲ့ကျမှ ညီမလေးကိုပြန်သတိပေးလေ နော် ''

ဆူးချင်းက သူ့ကို ယုံကြည်အားကိုးရသည့်အစ်ကိုကြီးတစ်ယောက်လို၊ မောင်နှမအရင်းတစ်ယောက်လို တွေးနေသည်ဟု ခံစားလိုက်ရသည်။ ကလေးမလေးက သိတတ်လိမ္မာပြီး အမူအကျင့်ကောင်းတွေရှိသည့်အပြင် စိတ်နှလုံးကောင်းပြီး အပြောအဆိုယဥ်ကျေးတာကြောင့် သူတောင်မသိလိုက်ပါပဲ တကယ့်ညီမအရင်းလေးလို ဆက်ဆံမိသွားသည်။ သူ ဆူးချင်းကို နွေးထွေးသည့်အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

''ကောင်းပြီ ''

ဆူးချင်းတစ်ယောက် လှိုက်လှိုက်လှဲလှဲပြုံးပြလာသည်မှာ ထွက်ပေါ်လာသည့်ပါးချိုင့်သေးသေးလေးများက အလွန်ချစ်စရာကောင်းလေသည်။

ဆူးချင်းထွက်သွားပြီး သိပ်မကြာခင် ကျန်းရှောင်မင်ရိုက်ကူးရေးပြီးဆုံးမည့်အချိန်ကလည်း ရောက်ရှိလို့လာသည်။ ဒီကတုံးလေးက လူချစ်လူခင်ပေါများသည့်အပြင် ရိုက်ကွင်းထဲက ယောကျာ်းလေးအများစုနဲ့လည်း ဆက်ဆံရေးကောင်းမွန်တာကြောင့် တွေ့သမျှလူနဲ့ group photoပတ်ရိုက်နေကာ သူ သဘောကျတဲ့လူနည်းစုနဲ့တော့ နှစ်ယောက်တွဲဓာတ်ပုံတွေ ရိုက်သွားသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now