22.1

3.9K 410 4
                                    

အခန်း ၂၂.၁

လူတမျိုးရှိတယ် မင်း ကောင်းကောင်းဆက်ဆံပေးလေးပိုယောင့်တက်လာလေ ဆိုတဲ့လူမျိုး

ဒီလိုစကားမျိုးက လော့ယောင်ယောင်ထက်လည်း ပိုသင့်တော်တဲ့သူမရှိနိုင်တော့ဘူး

လွန်ခဲ့တဲ့ ၁ နာရီလောက်က ချင်းကျင်းက သူမကိုနှိုးတော့ နောက်ထပ် ငါးမိနစ်လောက်ထပ်အိပ်မယ်တဲ့ နာရီဝက်လောက်နေလို့ထပ်နှိုးတော့ နောက်ထပ် ငါးမိနစ်လို့ပြောပြန်ရော တတိယအကြိမ်ကျ သူလည်းစိတ်တိုလာတော့သည်။

စာမေးပွဲပြီးသွားတာက ရက်အနည်းငယ်ပဲရှိသေးတာဆိုတော့ ပျင်းလို့ရပါတယ် ဒါမဲ့ ဒီနေ့က လော့ယောင်ယောင် ပထမဆုံးအလုပ်ဝင်ရမယ့်နေ့လေ ဒီထက်ပိုအိပ်နေရင်နောက်ကျတော့မှာ

ဖန်ရှီလဲ့က တိကျတဲ့ စာအုပ်သမားကြီး နောက်ဆုံးတစ်ခါ ယောင်ယောင် အလုပ်သင်အကြောင်းပြောထားတာ့ စာမေးပွဲပြီးတာနဲ့ အလုပ်သင်ဝင်ဖို့ ရက်ကို သတ်မှတ်ပေးလိုက်ရော ယောင်ယောင်တကယ့်ကိုခါးသီးတဲ့နေ့ရက်တွေကိုဖြတ်သန်းနေရတာပင် အစက ချင်းကျင်းနဲ့ ခရီးသွားမယ်ပေါ့ အခုကျ သူတို့ သွားမရတော့ဘူး

သူမ မနေ့ညက အစောကြီးအိပ်ခဲ့ရတာ ဒါမဲ့ ယောင်ယောင်လိုလူမျိုးက တကယ်အစောကြီး လိမ်လိမ်မာမာနဲ့အိပ်မယ်လို့တော့မထင်နဲ့ပေါ့

ယောင်ယောင်က အိပ်ရာပေါ်မှာလူသေလို အိပ်နေတာမြင်တော့ ချင်းကျင်း နှစ်ပေါင်းများစွာ စိတ်ရှည်လာတာတွေတောင်ပျက်စီးတော့မလိုပဲ သူယောင်ယောင်ကိုချော့ပြီး ထခိုင်းပေမယ့် ယောင်ယောင်က မျက်စိတဖက်ဖွင့်ကာ သနားစရာကောင်းစွာ "ပင်ပန်းတယ်" လို့ပြောသည်။ ပင်ပန်းတယ်? ဘယ်သူ့အမှားလဲ?  ဘယ်သူက လိမ်လိမ်မာမာနဲ့မအိပ်တာလဲ

အဆုံးကျ ရွေးချယ်စရာမရှိ ချင်းကျင်းပဲ ယောင်ယောင်ခါးကနေ ထမ်းကာ သယ်သွားရတော့သည်။ သူမကတော့ အရိုးမရှိသလိုပျော့ခွေလို့

ချင်းကျင်းက ဒေါသလည်းထွက်သလို အံလည်းဩရသည်။

ယောင်ယောင်ကိုရေချိုးခန်းထဲ သယ်ကာ သူမကိုဘေစင်ရှေ့ချပြီး သူမကို လဲကျမသွားအောင်ဖက်ကာ သွားတိုက်တံကိုထုတ်ပြီးသွားတိုက်ဆေးထည့်ပေးကာ "သွားပါတိုက်ခိုင်းမှာတော့မဟုတ်ဘူးမလား?"

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now