𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸𝟽《နှစ်မျိုးတွဲစွမ်းရည်》

7K 1K 26
                                    

My Cherry Will Explode in the Apocalypse

Chapter 27

Author: Drunken Light Song
Source: Chrysanthemum Garden
Translator: オタク

Unicode

ကျန့်ယွင် မူးမေ့သွားပြီးနောက် မကြာမီတွင် သူပြင်းထန်သောအဖျားတစ်ခုစဖြစ်လာခဲ့သည်။ စုရွေ့ကျယ်သည် အပူကျကပ်ခွာကို သူ့နဖူးပေါ်သို့ ကပ်ပေးလိုက်ပြီး ရေစိုပုဝါတစ်ခုနှင့် သူ့ခန္ဓာကိုယ်ရှိ ချွေးများကို သုတ်ပေးလိုက်သည်

ထိုအချိန်တွင်းမှာပဲ စုရွေ့ကျယ်သည် မီးဖိုခန်းထဲသို့၀င်သွားကာ သခွာသီး သစ်တော်ဖျော်ရည်တစ်ခွက်ညှစ်လိုက်ကာ ဖျော်ရည်အား ကျန့်ယွင်ကိုတိုက်လိုက်သည်။

【T/N : Cucumber Sydney juice တဲ့ ရှာကြည့်တော့ သခွားသီးရယ် သစ်တော်သီးလည်းပါတယ် အရည်ညှစ်ထားတဲ့ဖျော်ရည်လို့တွေ့မိတာနဲ့ သခွားသီး‌သစ်တော်ဖျော်ရည်လို့ ရေးလိုက်တာ။ သိတဲ့သူရှိရင် ပြောပြလို့ရပါတယ်။ မသောက်ဖူးဘူး (*_*)】

ထူးဆန်းစွာပင် ဖျော်ရည်တစ်ခွက်သောက်ပြီးနောက် ကျန့်ယွင်၏မျက်နှာသည် အနည်းငယ် ပိုကောင်းလာပြီး သူ့ခန္ဓာကိုယ်သည် နောက်ထပ်တုန်ယင်မနေတော့ချေ။

စုန့်ချန်ရှု၏ မျက်လုံးများ ရုတ်တရက်တောက်ပသွားကာ ဖျော်ရည်ထဲတွင်ဆန်းကြယ်သောတစ်ခုခုရှိသလားဆိုသည်ကို  စုရွေ့ကျယ်အားမေးမြန်းရန် ဘေးသို့တိတ်တဆိတ် ဆွဲ‌လိုက်‌၏။ 

“ဘာ လျို့ဝှက်ချက်လဲ? အဲ့ဒါက ရိုးရိုးဖျော်ရည်ပါပဲ”

စုရွေ့ကျယ်ပြုံးကာ ခေါင်းခါလိုက်၏။

သူ့အတိတ်ဘ၀တွင် သူသည် သုတေသနအဖွဲ့အစည်းတွင် အချိန်အကြာကြီး ကုန်ဆုံးခဲ့ရသည်။ အသီးအရွက်များနှင့် သစ်သီး၀လံများထဲတွင်ပါ၀င်သော ကလိုရိုဖီးလ်နှင့် ဗီတာမင်ဓာတ်တချို့သည် ဖုတ်ကောင်ရောဂါပိုးကို တားဆီးနိုင်သောတချို့သက်ရောက်မှုများရှိကြောင်း သုတေသနပညာရှင်များပြောခဲ့သည်အား ကြားဖူးသည်ကိုသတိရလိုက်သည်။ စွမ်းအားများနိုးထလာခြင်းနှင့် တိုးမြှင့်ခြင်းများလုပ်ဆောင်သောအခါ အချို့ အသီးအရွက်များနှင့် သစ်သီး၀လံများကိုစားခြင်းက အလွန်အထောက်အကူပြုနိုင်လေသည်။

My Cherry Will Explode in the Apocalypse 《Myanmar Translation》Where stories live. Discover now