" ကယ်ဆယ်ရေးအဖွဲ့တွေဆီဖုန်းဆက်လို့ရခဲ့ပေမဲ့ တောင်ပြိုထားတဲ့မြေနဲ့လမ်းတွေရေကျော်နေတာကြောင့်ကြာအုံးမှာ "
အဖွဲ့မှအကြီးအကဲ၏စကားကြောင့်တီးတိုးသက်ပြင်းချသံတွေမှာငိုသံတွေကြားထွက်ပေါ်လာချေသည်။ ဒဏ်ရာရနေတဲ့လူတွေမှာအလွန်များ၏။ သေဆုံးတဲ့လူတွေလည်းနည်းမည်မဟုတ် ။
အခြေနေမှာဆိုးရွားတာကြောင့်ကယ်ဆယ်ရေးအဖွဲ့အားထိုင်စောင့်နေလို့မရပါချေ ။ ဆေးဝါးအပြည့်ဖြင့်အိတ်ကိုယ်စီလွယ်ကာ၊ဒဏ်ရာရနေသည့်လူတွေဆီပြေးလွှားကုသကြရသည်။
မိုးကရွာနေတုန်းဖြစ်၏။မိုးရေစက်တွေကြားငိုယိုသံတွေမှာဝိုးတဝါးဖြင့်အသည်းတွေအားနာကျင်စေသည်။ ဆရာဝန်တွေအားလုံးရွှံတွေဖြင့်ပေပွနေကြကာ၊မျက်ဝန်းတွေမှာလည်းနီရဲနေကြသည် ။
" ဆရာ ...ဆရာ... ကျွန်မသားလေး"
စိုင်းသစ်ဟိန်းသူ၏လက်ကောက်ဝတ်မှဆွဲအားကြောက်အားကြောင့်ငုံ့ကြည့်လိုက်စဥ် ကြီးမားတဲ့မြေသားအောက်ဝယ်ပိပိသားအောင်အဖိခံထားရတဲ့ဆယ့်သုံးနှစ်အရွယ်ကလေးတစ်ယောက်။
အားအင်တွေဆုတ်ယုတ်သလိုကုန်သလိုခံစားလိုက်ရကာ၊အမေလုပ်သူအတွက်သူမည်သည့်စကားပြောရမှန်းမသိ။ မိုးရေတွေမှာကျဆင်းလာတဲ့မျက်ရည်ပူတွေအားသယ်ယူသွားပေလို့တော်သေးပေသည်။
" သား ... ဦးကိုမြင်ရလား ... "
ဘေးသို့တွန်းဖယ်ခံလိုက်ရပြီးနောက်သူ့ရှေ့တွင်လူတစ်ယောက်ရောက်လာကာမြေသားအောက်မှကလေးအားစစ်ဆေးနေ၏။ ထိုလူမှာ မြတ်ဦးထည်ဝါ ။
ကလေးငယ်သည်ရေနစ်နေစဥ်မြင်တွေ့လိုက်ရတဲ့ကောက်ရိုးမျှင်ပမာမြတ်ဦးထည်ဝါအား ခေါင်းတဆက်ဆက်ငြိမ့်ပြလာ၏။
" မကြောက်နဲ့နော် ...ခဏနေရင် ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာရင်အားလုံးအဆင်ပြေသွားမှာ "
မိုးသည်းထဲထိုလူ၏အသံမှာဝိုးတဝါးဆိုသော်ငြား၊ထိုကလေးကိုပြောနေသည့်တိုင်စိုင်းသစ်ဟိန်းစိတ်ထဲနွေးထွေးကာ၊အားအင်တစ်ခုတိုးလာသည့်နှယ်။