22.2

3.6K 374 7
                                    

အခန်း ၂၂.၂

ဒီဇိုင်းဌာနက ရှေ့တင်ပါ ဒီထိပဲ လိုက်ပို့ပေးလို့ရတော့မယ် Miss လော့ စီအီးအို ဖန်က ပြောခိုင်းလိုက်တယ် ဒီဇိုင်းဌာနကို ဝင်ဖို့ခွင့်ပြုပေးပေမယ့် ဒိီမှာနေနိုင်မနေနိုင်ကတော့ ရှင့်အပေါ်မှာပဲ​မူတည်ပါတယ်တဲ့

ယောင်ယောင်က ယဉ်ကျေးစွာ "ကျေးဇူးတင်ပါတယ်"လို့ပြောလိုက်သည်။

အတွင်းရေးမှူးလင်းကို နှုတ်ဆက်ပြီးတော့ ယောင်ယောင်က ဒီဇိုင်းဌာနက တံခါးကိုဖွင့်လိုက်သည်။ အပြင်လူရောက်လာတဲ့အပေါ် ဒီဇိုင်းဌာနက လူတွေက သိပ်ပြီး သိချင်စိတ်မရှိကြ သူတို့က တစ်ချက်နှစ်ချက်လောက်လှမ်းကြည့်ပြီး သူတို့ လုပ်စရာရှိတာတွေကိုပဲ​ဆက်လုပ်လို့နေသည်။ ယောင်ယောင်က ဌာန ခေါင်းဆောင်ရုံးခန်းကို တွေ့တော့ အသက်ပြင်းပြင်းရှုကာ နှစ်ခါလောက်တံခါးခေါက်လိုက်သည်။

"ဝင်ခဲ့ပါ"

အရိုးသားဆုံးပြောရရင် ယောင်ယောင် နည်းနည်းတော့ စိတ်လှုပ်ရှားနေမိသည်။ အရင်ဘဝတုန်းက သူမက သူအမေကုမ္ပဏီမှာပဲ​အလုပ်သင်လုပ်ခဲ့တာပဲ ဒါမဲ့လည်း သူမက လာချင်တဲ့အချိန်မှ လာတာ သူမ ပျက်တဲ့ရက်က လာတဲ့ရက်ထက်တောင်ပိုများသေးတယ် လာတိုင်းလည်း သူမက သူဌေးရဲ့သမီးဆိုတဲ့ အရှိန်နဲ့ သူများ အမြင်တွေကိုလည်း တစ်ခါမှ​ဂရုမစိုက်ခဲ့ဘူး ဒါမဲ့အခုတော့ သူမ အသုံးးမကျတဲ့သူလည်းမဖြစ်ချင်တော့သလို သူမ အမေကိုလည်းထပ်ပြီး မျက်နှာပျက်အောင်မလုပ်ချင်တော့ဘူး

ဒီဇီုင်းဌာနရဲ့ အကြီးအကဲက အသက် ၃၀ အရွယ်လောက်ပဲ ရှိသေးတဲ့ ခေါင်းဆောင်ဝမ်ပင် သူမကလွန်ခဲ့တဲ့ ရက်အနည်းငယ်ကဖန်ရှိီလဲ့ဆီကနေ ဒီဇိုင်းဌာနကိုလူသစ်ဝင်လိမ့်မယ်လို့ သတင်းရထားတာ တကယ်လို့ ဒီလူက အဆင်မပြေဘူးလို့ထင်ရင် ငြင်းလို့လည်းရတယ်ဆိုတဲ့အကြောင်း ဒါမဲ့လည်း ဘော့စ်က ကိုယ်တိုင်ဖုန်းဆက်ပြောတာလေ သူမက ဘယ်လိုငြင်းရမှာလဲ?

ငြင်းလို့မရပေမယ့် ဒီဇိုင်းဌာနမှာ လုပ်စရာတွေအများကြီး ဒီဇိုင်နာကို ကူညီပေးတာဖြစ်ဖြစ် သတင်းအချက်အလက်တွေစုဆောင်းတာပဲဖြစ်ဖြစ် ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်ခိုင်းထားလို့လည်းရတာပဲ ဒါမဲ့လည်း သူမ ယောင်ယောင်ရဲ့ ကိုယ်ရေးအကျဉ်းကိုမြင်တော့ ဘာမှမလုပ်ဘဲ​ ဒီတိုင်းထိုင်ခိုင်းထားဖို့ပဲ စဉ်းစားထားလိုက်တာ ဒါမဲ့လည်းး သူမက တမင်အဲ့လိုမျိုးတွေလုပ်ရင် တဖက်လူက သူမကို နာကျည်းသွားနိုင်တယ်လေ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now