Ep - 27

575 49 0
                                    

' ဝမ်ကျန့် ၊ ယွီပင်း .... ကားဂိတ် ရောက်ရင် ဂိတ်ထဲမှာ ရှိတဲ့ လူတိုင်းမကျန် ကျန့်ကျန့် ပုံ ပြပြီး မေးနော်။ လူတိုင်းနော် ...'

' အေးပါ .....'

ကားဂိတ်ထဲ ရောက်တာနဲ့ ၃ ယောက်သား ဂိတ်ထဲက လူတွေကို ဖုန်းတစ်လုံး ထိုးပြပြီး သူတို့သူငယ်ချင်းကို လိုက်ရှာကြတယ်။

' ဦးလေး .... ဒီကောင်လေးကို ကြည့်ပေးပါအုံး။ တနေရာရာ မြင်ဖူးတာမျိုး ရှိလားဗျ။'

' မမြင်ဖူးဘူး။ ဒီထဲမှာ တနေ့ တနေ့ လူ ရာနဲ့ ချီ ဝင်/ထွက် နေတာ ဘယ်လို မှတ်မိနိုင်မလဲ။'

' ဟုတ်ကဲ့။'

ကျိုးချန် လူ တော်တော်များများ လိုက်မေးပြီးပေမယ့် ဘယ်သူမှ ကျန့်ကျန့်ကို မမြင်ဖူးပါ။

*ကျန့်ကျန့် ... မင်း ဘယ်မှာလဲ!!!.*

' ကျိုးချန် ... ဘယ်လိုလဲ မင်းဘက်မှာ မေးတာ ကျန့်ကျန့်ကို တွေ့တဲ့သူ ရှိလား။'

ကျိုးချန် ဝမ်ကျန့်ကို ခေါင်းခါပြပြီး စိတ်ပျက် လက်ပျက် ထိုင်ချလိုက်တယ်။

' ဒါဆို ယွီပင်း ဘက်ကို စောင့်ကြည့်ဖို့ပဲ ကျန်တော့တယ်။'

ဝမ်ကျန့်လည်း ပြောပြီး ကျိုးချန် နည်းတူ ထိုင်ချလိုက်တယ်။
~~~~~~~
ယွီပင်းလည်း သူ့ကို ခွဲပေးပြီး လာမေးခိုင်းထားတဲ့ ဘက်မှာ မေးကြည့်ပေမယ့် ကျန့်ကျန့် ကို မြင်ဖူးတဲ့ လူတောင် မရှိပါ။

ယွီပင်း ထိုင်နေရာက ထ ရပ်လိုက်ပြီး နောက်ဆုံး ကျန်တဲ့ ကားဂိတ် ဆီကို သွားလိုက်တယ်။

' ဟို ... အစ်မ ။ ကျနော် ... ကျနော့် သူငယ်ချင်းကို လိုက်ရှာနေတာပါ။ အဲ့ဒါ ... အစ်မ ဒီထဲက ကောင်လေးကို ကြည့်ပေးပါအုံး။ ဒီဂိတ်ထဲမှာများ မြင်ဖူးတာ ရှိလားလို့။'

ယွီပင်း သူ့လက်ထဲက ဖုန်းကို စားပွဲခုံပေါ် တင်ပြီး ကျန့်ကျန့်ရဲ့ ပုံကို ပြလိုက်တယ်။

' အင်း .... မမြင်ဖူးဘူး မောင်လေး။ အစ်မက စာရေးဆိုတော့ အမ ဆီ ကားလက်မှတ် လာ ဖြတ်တဲ့ လူလောက်ပဲ မြင်ဖူးတာ။

ခန နော် ... အစ်မ တို့ ဂိတ်က ကားသမားကို ခေါ်ပေးမယ်။ သူတို့ကျ လူအများနဲ့ တွေ့နေကျဆိုတော့ သိချင် သိနိုင်တယ်။'

The Promise  ( Completed )Место, где живут истории. Откройте их для себя