အခန်း-၄၄ ထပ်မံပြောင်းလဲခြင်း။

4.4K 873 23
                                    

Unicode

အခန်း-၄၄ ထပ်မံပြောင်းလဲခြင်း။

[အဲ့လော့ကွေးဂိုဏ်း၏ ကူသွေးအဆိပ်....]

နောက်ဆုံးတွင် သူတို့နှစ်ဦးစလုံးသည် ကျောက်ခန်းအတွင်းရှိ ဓားပညာကို လေ့လာရန် ဆုံးဖြတ်ခဲ့ကြသည်။

ပထမအချက်မှာ ယင်းဓားပညာက မခဲယဉ်းပေ။
ဒုတိယအချက်မှာ ကုဖေးတိနှင့် စုယန်တို့သည် ဤဓားသိုင်းပညာအား ထူးဆန်းသည်ဟု မခံစားရသော်လည်းကျောက်စိမ်းအိမ်တော်မှ သင်ယူခဲ့သည်များကို ဘေးဖယ်ထားလိုက်ပါက ၎င်းသည် သိုင်းပညာအသိုင်းအဝိုင်းတွင် အမှန်တကယ် ရှေ့တန်းရောက်မည်ဖြစ်သည်။

သို့သော်လည်း ကံကြမ္မာက သူတို့အား လှည့်စားနေပုံ ရလေသည်။

ကုဖေးတိနှင့် စုယန်တို့သည် ကျောက်ခန်းအတွင်းရှိ ဓားပညာကိုလေ့လာရန် ပြင်ဆင်နေကြစဉ်တွင် ဖောင်ထွင်းမြင်နိုင်လောက်သည်အထိ ကြည်လင်သော အတောင်ပံများနှင့် အပြာရောင်၊ခရမ်းရောင် အလင်းမှုန်များ တလက်လက်ထ‌နေသော လိပ်ပြာလေးတစ်ကောင်သည် ကုဖေးတိ၏ပခုံးပေါ်သို့ ငြိမ်သက်စွာ ဆင်းသက်လာလေ၏။

သိပ်မကြာခင်မှာပင် ကျောက်ခန်းအပြင်ဘက်မှာ ခြေသံများစွာ ထွက်ပေါ်လာလေသည်။

မေ့ရှစ်စန်းသည် ပန်းလက်ထောက်တစ်ဖွဲ့ကို ဦးဆောင်ပြီး ပန်းရနံ့ကိုခြေရာခံသော လိပ်ပြာလေးနောက်သို့ ပြေးလိုက်လာခဲ့သည်။

စုယန်ကို မြင်လိုက်ရသောအခါ မေ့ရှစ်စန်းက အနည်းငယ် ထိတ်လန့်သွားပြီး ဒူးထောက် အရိုအသေပြုလိုက်၏။

"သခင်ငယ်!"

ခဏအကြာတွင် အကြည်ရောင်လိပ်ပြာငယ်လေးသည် တောင်ပံ တဖျတ်ဖျတ် ခတ်လာပြီး ကုဖေးတိ၏ပခုံးမှ ခွာကာ စုယန်၏ပုခုံးပေါ်၌ နားနေလိုက်သည်။

ပန်းလက်ထောက်များသည် သူတို့၏ သခင်ငယ်လေးက ကော်လံတွင် ငှက်ပုံစံချယ်လှယ်ထားသော ထန်းယွင်စံအိမ်၏ အဝတ်ကို ၀တ်ဆင်ထားကြောင်း သတိထားမိသွားကြ၏။ ၎င်း၏ပုံစံအရ အတွင်းဝတ်စုံ ဖြစ်ပုံပေါ်သည်။

ထို့ကြောင့် သူတို့၏ မေးခွန်းများပြည့်နှက်နေသော အကြည့်များသည် ကုဖေးတိအပေါ်သို့ ထပ်မံကျဆင်းသွားလေသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now