Part 24 (Uni+Zawgyi)

5.4K 226 10
                                    


Uni

"ကို သူရ"

"ဟုတ်ကဲ့  Boss "

"ဒါပြီးရင် ဘာလုပ်ဖို့ရှိ​သေးလဲ"

"မရှိ​တော့ပါဘူး boss "

"ဒါဆို အလုပ်ဆင်းပြီ​နော် "

ဒီ​နေ့ Boss မျက်နှာ ပြုံးရွှင်​နေသည်။ သူ့ ချစ်သူ နဲ့ ​ဝေးပြီး ပထမဆုံး Boss ​ပျော်​နေတာ မြင်ဖူးတာပဲ။ ​ခေတ် ထွက်သွားတာ   ၂နှစ်​ကျော် အတွင်း  သူ့ Boss စိတ်​ပျော်​နေတာ ဒီတခါပဲ​တွေ့ဘူးတာ ။ အရင်​​နေ့တွေကဆို မျက်နှာက မာထန်ပြီး အလုပ်ပြီး အလုပ်ပဲ ။ ထမင်း​တောင် ​ကျွေးမှစားတာ ။ သံပတ်​ပေးထားတဲ့စက်ရုပ်လိုပဲ အလုပ် လုပ်​နေတာ ။ ဒီ​​နေ့​တော့ မနက် meeting မှာ ကတည်းက ပြုံး​နေတာ ။ လူစားလဲခံထားရတဲ့ လူလိုပဲ။ ဘာ​တွေ​ပျော်စရာရှိပါလိမ့် ။ ဒီလို ​ပျော်​နေ​တော့လည်းစိတ်ချမ်းသာ စရာ ​​ကောင်းလှသည်။ Boss က အသက် ငယ်ငယ်ရွယ်ရွယ် နဲ့ အသစ်တစ်​ယောက် မရှာပဲ​နေတာလည်း အံသြမိသည်။ တကယ်ဆို သူ့ကို လိုချင်တဲ့ သူ​တွေဝိုင်းဝိုင်းလည်။ သားမက်​တော်ချင်တဲ့ သူ​တွေဆိုလည်း​ပေါ​မှ​ပေါ။ Boss က အလုပ်နဲ့ အိမ်​​ထောင်ပြုထားသလား​အောင်း​မေ့ရတယ် အလုပ်မှအလုပ် ။ အလုပ်ထဲ​ခေါင်းစိုက်ထားတာက အဆိုးဆုံးပဲ ။ သူမနား​​တော့ ကို သူရလည်း မနားရ ။ အခု သူ့ လက်​ထောက် ​အောင်မြင်သူ က အားကိုးရလို့​တော်​သေးတယ်။ သူ့Boss လုပ်သ​လောက်သာ လိုက်လုပ်ရရင် အရိုး​တောင်ကျန်မှာမဟုတ်။ ပြုံးရွှင်ပြီးအခန်းထဲက ထွက်သွားတဲ့ သူ့ Boss ကို ကြည့်ပြီး

"ဒီ​နေ့​တော့ အိမ်ကို အ​စော ပြန်ရမယ့်​
နေ့ပဲ "

စိတ်ထဲမှာ ကြိတ်ပြီး ပြုံးလိုက်မိ​တော့သည်။

​ရွှေဘုန်း ကား​ပေါ်က ဆင်းပြီး ဧည့်ခန်းထဲဝင်​တော့ ဒယ်ဒီနဲ့ မာမီက ဧည့်ခန်းမှာ ထိုင်ပြီး စကား​ပြော​နေကြသည်။

​"ဟော သားငယ်​လေး
ဒီ​နေ့အ​စောကြီးပဲပြန်လာတာ "

"ဟုတ်တယ်မာမီ "

မာမီနဲ့ ဒယ်ဒီ နား​​လေး ကပ်ထိုင် လိုက်ပြီး​တော့ စကား​ပြောရန် ကြံလိုက်သည်။

"သားငယ်​လေး ဘာ​ပျော်စရာ ရှိလာတာလည်း မျက်နှာက ပြုံး​နေတာပဲ "

Forever Together  (Completed)Where stories live. Discover now