Chapter(355) - စာဝိညာဉ်အပိုင်းလေး

2.5K 571 37
                                    

Unicode

အခန်း(၃၅၅) - စာဝိညာဉ်အပိုင်းလေး

ယန်ထျန်းဟန်က ပြန်ဖြေသည်။

"ကျွန်တော့်အကိုကြီးက တောင်အနောက်ဘက်မှာ အမဲသွားလိုက်နေတယ်, ဒီရက်အတွင်းမှာ ကျွန်တော့်အကိုကြီးပဲ အစားအသောက်တွေအားလုံး လုပ်ပေးနေတာ"

မဟာအကြီးအကဲလန်ယွဲ့က ပြောလာ၏။

"သူပြန်လာပြီးလား သွားကြည့်လိုက်"

"ဟုတ်ကဲ့" ယန်ထျန်းဟန်က ခေါင်းညိတ်ပြပြီး ပြေးထွက်သွားတော့သည်။

ယန်ထျန်းဟန် ထွက်သွားပြီးနောက်မှာ မဟာအကြီးအကဲ ဟွိုင်ယွီ၏ သာမာန်ကာလျှံကာ အမူအယာက ချက်ချင်းပင် မဲမှောင်သွားလေသည်။

"စီနီယာအကိုကြီး, ကျွန်တော့ကို ဒီကိုလာဖို့ ချော့မခေါ်ခင်မှာ တိုက်ကြီးငါးတိုက်ရဲ့ နယ်မြေအဆီးအတားက အဝင်ပဲရှိပြီး အထွက်မရှိဘူးလို့ လုံးဝမပြောခဲ့ဘူးနော်, ပြီးတော့ နက်ရှိုင်းဘုံအဆင့် ကျင့်ကြံသူတောင် ချိုးဖြတ်လို့ မရနိုင်ဘူး" မဟာအကြီးအကဲ ဟွိုင်ယွီ၏ အမူအယာက အနည်းငယ် အရုပ်ဆိုးနေသည်။

ဒါကအဓိပ္ပါယ်ရှိတယ်လေ : ဒီလိုအရေးကြီးကိစ္စမျိုးကို ဖုန်းကွယ်ခံထားရတယ်ဆိုတာကိုသိရင် ဘယ်သူမှ ပျော်ရွှင်နေမှာမဟုတ်ဘူး

မဟာအကြီးအကဲလန်ယွဲ့က စိတ်ခံစားချက် အနည်းငယ်ဖြင့်သာ တုန့်ပြန်သည်။

"ဒီကိစ္စနဲ့ ပတ်သတ်ပြီး မင်းကို ဖုန်းကွယ်ထားမိတယ်ဆိုတာ မှန်တယ် ပြီးတော့ ငါမင်းကို မှားယွင်းခဲ့မိတယ် ဒါပေမဲ့ မင်းကိုဆွဲဆောင်ဖို့အတွက် အားဟန်ရဲ့ လမ်းစကို ပြပြီး အသုံးချရုံကလွဲလို့ တစ်ခြားနည်းလမ်း မရှိခဲ့ဘူးဆိုတာ မင်းလည်းသိမှာပါ"

မဟာအကြီးအကဲ ဟွိုင်ယွီကတော့ မှောက်မိုက်နေသည့်အမူအယာဖြင့်ပင်။

"ကျွန်တော်မသိဘူး ပြီးတော့ အခုချိန်မှာ အရမ်းကို လိုအပ်တယ်လို့လည်း မထင်ပါဘူး"

မဟာအကြီးအကဲ လန်ယွဲ့ကတော့ အေးအေးဆေးဆေးသာ ရှင်းပြသည်။

"အဲ့ဒီတုန်းက မင်းက အရူးဖြစ်နေပြီ ပြီးတော့ မင်းရဲ့ အသက်ကြယ်စင်ကလည်း ကြွေကျတော့မယ်, သေခြင်းတရားက လွတ်မြောက်နိုင်ဖို့က တိုက်ကြီးငါးတိုက်မှာပဲရှိတာ, ဒီနှစ်တွေအတွင်း ငါက မင်းအပေါ်မှာ တစ်ခြားသူတွေထက် ပိုပြီး ငါ့ခွန်အားတွေ သုံးလာခဲ့တာ, အကယ်၍ မင်းသာ ငါ့ရဲ့ ဆရာတူညီလေး မဟုတ်ခဲ့ဘူးဆိုရင် ငါက မင်းကို ဂရုစိုက်နေမယ် ထင်လို့လား?" 

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now