Chapter 145

21.5K 3.3K 216
                                    

Unicode

မိဘမဲ့ဂေဟာက ရှောင်ချင်းချီနဲ့ မှတ်ဉာဏ်အပိုင်းအစများ
___________________________________

ယန်းချင်းချီ သိတတ်စအရွယ်လေးကတည်းက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တာဖြစ်သည်။ အားလုံးက စွန့်ပစ်ခံထားရသည့် ကလေးငယ်တွေပဲဖြစ်တာကြောင့် မိသားစုအသစ်၊အိမ်အသစ်ကိုတောင့်တကြသော်ငြား တချို့ကြတော့လည်း အတူနေသူငယ်ချင်းတွေက သူတို့ကိုထားသွားပြီး မိဘအသစ်နောက်လိုက်သွားမှာကို ကြောက်ကြသည်။ ထို့ကြောင့် တချို့ကလေးတွေက သူတို့သူငယ်ချင်းလေး သူတို့နားမှာနေဖို့အတွက် မဟုတ်မမှန်သည့် နည်းလမ်းအချို့ကို သုံးကြလေသည်။

ယန်းချင်းချီပိစိလေးမှာ ငယ်ငယ်လေးကတည်းက ဥပတိရုပ်သန့်ပြီး ချစ်ဖို့ကောင်းတာကြောင့် မွေးစားဖို့ရောက်လာကြသည့်လူကြီးတိုင်းက သူ့ကိုမြင်လိုက်တာနဲ့ တန်းပြီးမွေးစားချင်ကြသည်။ သူနဲ့စကားအနည်းငယ်ပြောဆိုပြီးနောက် ဂေဟာမှူးဆီသွားပြီး မွေးစားခွင့်တောင်းမည်ဟုပြောကာ သူ့ကိုပြန်လာခေါ်ဖို့ စောင့်ခိုင်းတတ်သည်။ သို့သော် သူ ဘယ်လောက်စောင့်,စောင့် ထိုလူတွေက ဘယ်တော့မှပေါ်မလာတတ်ကြပါ။

ဂေဟာက သူ့သူငယ်ချင်းနှစ်ယောက် တီးတိုးပြောနေတာကိုမကြားရခင်အချိန်အထိ မွေးစားမဲ့လူတွေ သူ့ဆီဘာလို့ပြန်,ပြန်မရောက်လာကြမှန်း သေချာမသိခဲ့ပေ။

သူ့သူငယ်ချင်းတစ်ယောက်ကပြောသည်။

''မနေ့ကလာတဲ့အန်တီကိုကြည့်ရတာ ရှောင်လင်ကိုသဘောကျနေတဲ့ပုံပဲ ''

ထို့အချိန်က ယန်းချင်းချီနာမည်မှာ ယန်းချင်းချီမဟုတ်သေးပဲ ရှောင်လင်ဖြစ်သည်။

နောက်တစ်ယောက်ကထပ်ပြောလာသည်။

''ရှောင်လင်ကိုသဘောကျလည်းအသုံးမဝင်ဘူး ဂေဟာမှူးမားမားက သူတို့ကို ရှောင်လင်ကပစ္စည်းတွေခိုးတတ်တယ်လို့ပြောလိုက်ရင် သူတို့ရှောင်လင်ကို အဝေးခေါ်သွားမှာမဟုတ်တော့ဘူး ''

''အွန်း အဲ့လိုဆို ရှောင်လင်လည်းငါတို့နဲ့ဆက်နေလို့ရပြီ ငါတို့တွေခွဲစရာမလိုတော့ဘူး ''

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now