အပိုင်း(၂၈)

93.6K 6.5K 721
                                    

ကိုကိုနဲ့ ပြဿနာဖြစ်ပြီး နှစ်ရက်တိတိ ကျောင်းမသွားဘဲ နေခဲ့ပေမဲ့ ဒီနေ့တော့ excursion ကိစ္စအတွက်
စီနီယာတွေက ပြောစရာရှိသည်ဟုဆိုကာ
အတန်းထဲက EC က ကျောင်းကို မဖြစ်မနေလာကြ
ဖို့ messenger group ထဲမှာ ညကတည်းက
ပို့ထားတာကြောင့် ရှန်ခွန်းနောင်လာခဲ့ရသည်။

Excursion လည်းလိုက်ချင်စိတ်မရှိတော့ပေမဲ့
မဖြစ်၊ မေမေက သူကျောင်းမသွားတဲ့ကိစ္စကိုပင်
အနည်းငယ်မေးမြန်းကာ ဆူပူချင်နေပေပြီ။

အဲ့ဒီနေ့က မဖြူက အနည်းငယ်ရိပ်မိသွားခဲ့သလိုရှိ
ပေမဲ့ အရင်ကတည်းက
ထင်ထားတဲ့အတိုင်းမေမေကိုတော့
ပြန်ပြောခြင်းမရှိခဲ့ပေ။

ဒီနေ့တော့ သူတို့မှာ မနက်ပိုင်း
အတန်းချိန်တွေသာရှိသည်။
ရှိသည့် အတန်းချိန်ကို တက်ပြီး
စီနီယာတွေခေါ်ထားသည့် ခန်းမထဲကို
မသွားရသေးခင် ကန်တင်းသို့လာကာ
သူတို့လေးယောက် နေ့လယ်စာ
အရင်စားကြသည်။

ဝေမှူးပိုင်ကတော့ ဒီနေ့မအား ဟု
ဆိုကာ ကျောင်းမလာခဲ့။

လွှမ်းသုတမှလွဲ၍ ဘာကိုမှဂရုစိုက်တတ်
ဟန်မရှိသည့် ဝေမှူးပိုင်က
စီနီယာတွေကိုလည်း မကြောက်တတ််ပေ။

မှာထားသည့်ကြက်ဆီထမင်းကို ရှန်ခွန်းနောင်
သုံးလုတ် လောက်သာ စားပြီး
စားချင်စိတ်မရှိတော့တာကြောင့် ရပ်လိုက်ကာ
ဖုန်းကိုသာဖွင့်၍ လိုင်းသုံးနေလိုက်မိသည်။

"  ဘာလို့နည်းနည်းလေးပဲစားတာလဲ"

ထက်နှင်းဝေက မေးလာခြင်းဖြစ်သည်။

"ဗိုက်သိပ်မဆာဘူး"

" ငါစားလိုက်မယ်..ဟီးဟီး"

နန်းရတီက ပြုံးစိစိဖြင့်
ရှန်ခွန်းနောင်ရှေ့က ပန်းကန်ကို ဆွဲယူသွားသည်။

ထက်နှင်းဝေကတော့
ရှန်ခွန်းနောင်၏ မျက်နှာကိုသာ
တိတ်ဆိတ်စွာ ကြည့်နေ၏။

ထို့နောက်..

"တစ်ခုခုဖြစ်နေလို့လား.."

ထက်နှင်းဝေ၏ စကားကြောင့်
ဂိမ်းဆော့နေသည့် လွှမ်းသုတရော ၊
ထမင်းစားနေသည့် နန်းရတီရဲ့အကြည့်တွေကပါ
ရှန်ခွန်းနောင်ဆီသို့ကျရောက်သွားလေသည်။

RO ( ရို ) (Completed)Where stories live. Discover now