Take My Dimple-5

305 42 2
                                    

"အား ကိုကိုဆောင်းဟွန်းလို့ ခေါ်ရမဲ့နေ့ကို စောင့်နေပြီ"

စီနီယာဆောင်းဟွန်းပေးထားတဲ့စာအုပ်ကိုမသုံးရက် မထိရက်ဖြစ်နေတဲ့ဆောနူးအား နီခီနဲ့ကျနော်မှ မျက်စောင်းပိတ်ထိုးလိုက်သည် အာ.. နီခီသိသွားပီလေ ကျနော်တို့အဲ့နေ့က စီနီယာတန်းဆီသွားတဲ့ကိစ္စ.. သိသိချင်းကတော့ ပွစိပွစိနဲ့ ကျနော်နဲ့ဆောနူးမှာ တစ်ပတ်လောက် ချော့လိုက်ရတယ် ဒါတောင် ကိုယ်တော်ချောက သိပ်ကျေနပ်သည်မဟုတ်။ အခုလည်း စိတ်ဆိုးပြေခါစရှိတဲ့နီခီရှေ့မှာ ဆောနူးတယောက်သည်းသည်းလှုပ်ပြနေတာ ဒီကြောင်နဲ့ကြွက်နှစ်ယောက်ကတော့ အဲ့လိုပါဆို အခုဆို စီနီယာဂျုံဆောင်နဲ့မတွေ့ရတာ တစ်လကျော်ကျော်လောက်ရှိပြီ

"ဂျောင်ဝန်း အဲ့နေ့ကမင်းကိုလည်း စီနီယာဂျုံဆောင်းက စာအုပ်ပေးသေးတယ်မလား"

ဆောနူးက သူ့စာအုပ်ကိုကြည့်နေရင်း ရုတ်တရက်သတိရသွားလို့ ထင်သည် ကျနော့်ဘက်မြှားဦးလှည့်လာလေသည် နီခီကလည်း

"ဂျောင်ဝန်း အဲ့အကြောင်း ငါမသိရပါလား"

"ဟို ဟို"

အဲ့နေ့က ဆောနူးကစာအုပ်ရလို့ အပျော်လွန်နေတော့ ကျနော့်ကိုစီနီယာဂျုံဆောင်းက စာအုပ်ဝယ်ပေးတာ သူမသိလိုက်ဘူးထင်နေတာ ကင်မ်ဆောနူးသည် အချဉ်မဟုတ်မှန်း သေချာသိလိုင်ရပါပီ

"ငါ့ကိုတောင် မပြဘူးနော် အဲ့စာအုပ်သုံးတာလဲ မတွေ့ဘူး ဘာလဲပျောက်သွားမှာစိုးလို့ အိမ်မှာသော့ခတ်သိမ်းထားတာလား"

ဆောနူးအမေးကြောင့် ဘာပြန်ဖြေရမလဲ မသိ.. ကျနော်ကအဲ့လိုပါဆို မဖုံးတက်မကွယ်တတ်နဲ့ ပုန်းလျှိုးကွယ်လျှိုးလုပ်တာမှန်သမျှ အကုန်ပေါ်တတ်တယ်

"ဂျောင်ဝန်း မင်းစီနီယာဂျုံဆောင်းကို ကြိုက်မိသွားပြီလို့တော့ မပြောနဲ့နော်"

နီခီပြောသလိုများ ဖြစ်နေလားလို့ ကျနော်အထပ်ထပ်အခါခါပြန်စဉ်းစားမိသည် သို့သော်မဖြစ်နိုင် ကျနော်ကလူတစ်ယောက်ကို ကြိုက်မိသွားတယ်ဟုတ်လား? ပြိးတော့ တစ်ကျောင်းလုံးကစံပြကျောင်းသားအဖြစ် သတ်မှတ်ထားတဲ့ ယောက်ျားလေးတစ်ယောက်ကိုတဲ့လား??

Take My Dimple Where stories live. Discover now