၅၁..ထိန်းချုပ်နိုင်ခဲ့ခြင်း

4.4K 398 4
                                    

[Unicode]

(လီဟန်၏ဇာတ်ကြောင်း)

တစ်ချို့တွေကသူတို့ရဲ့ဆိုးသွမ်းတဲ့ဘ၀ကိုသူတို့၀မ်းနည်းနေတတ်ကြတယ်ဒါပေမယ့်သူကတော့အဲ့လိုမဟုတ်ခဲ့ချေ၊ထုံကျင်နေပြီးအေးစက်တယ့်ခံစားချက်တွေနဲ့နေရတာနေသားကျနေပြီဖြစ်သည်၊ခမည်းတော်ဧကရာဇ်ကိုမုန်းတီးတာနဲ့မိခင်ဖြစ်တဲ့သူ့အမေက သူ့ကိုပါမုန်းခဲ့လေခြင်းဖြစ်သည်၊ထို့ကြောင့် မိခင်ဖြစ်သူကညတိုင်း စွတ်ပြုတ်ခါးတစ်ခွက်တိုက်လေ့ရှိသည်။

"ကျွန်မလည်းကျွန်မသား‌လေးအတွက်လူကောင်းတစ်ယောက်ဖြစ်ချင်တယ်၊မိခင်ကောင်းတစ်ယောက်လည်းဖြစ်ချင်ပါတယ်၊ဒါပေမယ့် အရှင်မင်းကြီးကကျွန်မဆီကနေအရာအားလုံးယူသွားခဲ့တယ်လေ၊အရှင်မင်းကြီးကသာ ကျွန်မကိုနတ်ဆိုးဖြစ်အောင်လုပ်ခဲ့တယ့်သူ"

‌အစေခံတွေအကုန်လုံးက သူတို့ကိုရှုံ့ချတယ့်မျက်လုံးတွေနဲ့ကြည့်နေကြသည်၊သူတို့ကအမျိုးသမီးကိုပဲရှုံ့ချတယ့်မျက်လုံးတွေနဲ့ကြည့်နေလိုက်ကြပြီးလီဟန်ငယ်လေးကိုတော့သနားစရာကောင်းတယ့်အကြည့်နဲ့ကြည့်လိုက်ကြသည်။

"ကျွန်မသာရှင့်ရဲ့ကလေးကိုမွေးပေးခဲ့မယ်ဆိုရင် ရီချန်းရဲ့အသက်ကိုချမ်းသာပေးမယ်လို့ပြောခဲ့တယ်၊ဒါပေမယ့်အဆုံးကြတော့ ရှင်သူ့ကိုလုပ်ကြံဖို့အမိန့်ပေးခဲ့တယ်!"လီဟန်၏အမေသည်ဧကရာဇ်ရှေ့တွင်ဒူးထောက်နေကာတစ်ချိန်တည်းမှာပဲရယ်မောရင်းငိုနေလေသည်။

အစေခံများထံမှကြားသိရတာက;အမျိုးသမီးကဧကရာဇ်ရဲ့မိန်းမလှတစ်ထောင်ထဲကတစ်ယောက်ဖြစ်မလာခင်စေ့စပ်ထားသူရှိခဲ့ဖူးသော်လည်းထိုလူသည်ဧကရာဇ်ကြောင့်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

"ကျွန်မရဲ့ပျော်ရွှင်မှုကို ဆုံရှူံးလိုက်ရမယ်လို့ဘယ်သူကထင်မှာလဲ?"အမေဖြစ်သူကသူ့လက်ကိုလှမ်းကိုင်လိုက်တော့ ပြုံးပြုံးကြီးသူလက်ခံလိုက်သည်။

"ဒီကလေး..သေမှရမယ်၊အရှင်မင်းကြီး"လီဟန်ငယ်လေးသည်စွတ်ပြုတ်စားပြီးတိုင်းနာကျင်ရလို့အမေဖြစ်သူကိုရပ်ပေးဖို့ပြောလိုက်တိုင်းဂရုမစိုက်သောအပြုံးဖြင့်ပါးပြင်ကိုသာနမ်းပေးခဲ့သည်။ 

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now