ရှောင်းယွမ(Arc -3.8)⚠

13.3K 910 26
                                    

<Unicode>
"မဟုတ်ဘူး မဟုတ်ဘူးမလား မောင်ကငါ့ကိုသစ္စာမဖောက်ဘူး"

ရှောင်းယွမ်နှုတ်ခမ်းများတုန်ရီနေကာမျက်ရည်များဝေ့သီလာသည်။ခြေထောက်များခွေယိုင်လာကာတံခါးရှေ့တွင်ထိုင်ချလိုက်ပီးမျက်ရည်များတသွင်သွင်စီးဆင်းနေသည်။

*အရုပ်လေးရဲ့အနားမှာမောင်အမြဲတမ်းရှိတယ်နော် မောင့်ရဲ့အရုပ်လေး*

ထိုစကားလေးတစ်ခွန်းဟာနားထဲမှာထပ်ခါထပ်ခါပဲ့တင်သံလိုထွက်ပေါ်လာသည်၊

"ဟုတ်တယ် မောင်ကငါ့ကိုပဲချစ်တာ ငါ့ရဲ့မောင်!"

စိတ်ကိုဒုန်းဒုန်းချကာတံခါးအားတွန်းဖွင့်လိုက်သည်နှင့်မြင်လိုက်ရသည်ကလီရှားအားအပေါ်မှအုပ်မိုးထားတဲ့ချူးဝမ်..။

ဒါပေမယ့်အခြေနေကတစ်မျိုးပင်။ချူးဝမ်ကလီရှားရဲ့လည်ပင်းအားညစ်နေခြင်းပင်။အောက်ကလီရှားကလဲမျက်လုံးများပြူးကာတစ်အစ်အစ်ဖြစ်နေသည်။

*ဒါဆိုခုနကအသံကလည်ပင်းညစ်ခံရလို့အော်တာပေါ့ တော်ပါသေးတယ် ဟွန့် သေမလိုဖြစ်နေတာတောင်အော်တဲ့အသံကိုကမပြောလိုက်ချင်ဘူး*

ခုနကငိုမိတာကိုပြန်တွေမိတော့အခြေနေတေကကို့ရိုးကာယားဆန်လွန်းသည်။သူဒရမ်မာတေခင်းခဲ့မိတာကိုတောင်ရှက်သွားသည်။

"အစ် မင်းကြီး"

*ဟုတ်သားပဲ မေ့နေတာ*

"မောင်"

"အရုပ်လေး!မောင် မောင်မဟုတ်ဘူးနော် သူ သူက"

"ငါသိတယ်မောင် လွှတ်လိုက်တော့"

ချက်ချင်းလွှတ်လိုက်ကာသူ့ဆီပြေးလာတဲ့ချူးဝမ်..

"အရုပ်လေး ဟင့် မောင့်ကိုယုံတယ်မလားဟင် မောင်မဟုတ်ပါဘူး"

"ရှူးး မပြောနဲ့တော့မောင်ငါမောင့်ကိုယုံပီးသား ဘာမှလျှောက်မတွေးနဲ့တော့"

"အင်း"

"အစောင့်တေလာကြစမ်း!! ဒီမိန်းမကိုအကျဉ်းချထားလိုက် ပီးတော့ဧည့်သည်တေကိုမင်းကြီးနေမကောင်းလို့အနားယူနှင့်ပီလို့ပြောလိုက်"

"နားလည်ပါပီ ဧကရီ"

အားလုံးထွက်သွားတာနဲ့ချူးဝမ်အားအိပ်ယာဆီသို့ကူတွဲပေးတော့လက်ကိုဆွဲကာမွေ့ရာပေါ်လှဲချလိုက်ပီးအပေါ်ကအုပ်မိုးလာသည်။

Revenge System(Completed)Where stories live. Discover now