Chapter 13 unicode

15.6K 379 4
                                    

🔸အဖြူရောင်နုနု🔸13

            အပိုင်း~၁၃
တနေကုန်ပင်ပင်ပန်းပန်းအလှဆင်လိုက်တော့အိမ်
တစ်လုံးစာပီပီပြင်ပြင်ဖြစ်သွားပါသည်။ပြန်ကြည့်ပြီး
သူကျေနပ်မိသည်၊ဘာပဲဖြစ်ဖြစ်လွတ်လွတ်လပ်လပ်နေရတော့မှာကိုတွေးပြီးကျေနပ်သွားသည်။
" ကိုကိုကဒက်ကရေးရှင်းလုပ်တာလဲတော်သားပဲ"
" အဲ့မှာ ထိုင်ရာကမထပဲချီးကျူးနေလိုက်..."

" ဖြူဖြူ၀င်လုပ်ပေးရင်လည်းကိုကိုစိတ်တိုင်းကျမှာ
မှမဟုတ်တာ...၊ဖြူဖြူ့ကိုပြောရ၊ပြန်လုပ်ရဆိုနှစ်ခါ
မောတာပေါ့..."
" သိတတ်လွန်းလို့ ကျေးဇူးပါပဲကျောင်းအစ်မရယ်"

" ရေချိုးခန်းထဲရေရတယ်မို့လားဟင်..ဖြူဖြူရေ
ချိုးချင်လို့..."
"အား ရတာပေါ့၊ အရမ်းပင်ပန်းသွားပြီဆိုတော့
ရေအေးအေးလေးနဲ့စိမ်ချိုးလိုက်နော်သိလား.."
ခစ်ခစ်...အဲ့လိုငေါ်ငေါ်တူးတူးပြောတတ်တဲ့ကိုကို့
၀သီဗေဒလေးကိုကဖြူဖြူ့အတွက်ချစ်ချင်စရာ
ဖြစ်နေတာသူမသိရှာဘူး။

မမလေးရေစိမ်ပြီးမှ..တစ်နေ့လုံးပင်ပန်းထားတဲ့သူ
ကရေချိုးခွင့်ရသည်။
ရေသုတ်ရင်းနဲ့သူထွက်လာပြီးအိပ်ခန်းထဲရောက်တော့..သူ့ရှပ်အကျီကိုယူ၀တ်ထားတဲ့ဖြူဖြူ့ကိုမြင်ပြီး

" ဟေ့ မင်းး ဘာလို့ငါ့အကျီကိုယူ၀တ်တာလဲ..."
မွေ့ယာပေါ်မှာဒူးကွေးကွေးလေးထောက်ပြီးဆံပင်
ကိုဒရိုင်ယာနဲ့မှုတ်နေတဲ့ဖြူဖြူကသူ့ကိုလှည့်ကြည့်ကာ..
" ဖြူဖြူ့မှာ၀တ်စရာမရှိလို့ပါ ကိုကို..."
" ဘာ ၀တ်စရာမရှိရအောင်မင်းအကျီတွေကဘယ်
ရောက်သွားလို့လဲ..."
" ကိုကိုပဲမလိုတာတွေသယ်မလာနဲ့ဆို.."
" ဟေ့..အကျီကိုတောင်မလိုဘူးထင်ရင်..ချွတ်နေ
လိုက်ပေါ့ ဘာလို့ယောက်ျားအကျီလိုက်၀တ်တာလဲ
မင်း၀တ်ပြီးရင်ငါဘယ်လိုပြန်၀တ်မလဲ...ဟမ် "

ူသူဘာပြောပြောသူမရဲ့ထုံးစံအတိုင်းရီဝေ၀မထီထထီအကြည့်လေးနဲ့သာသူ့ကိုလှည့်ကြည့်နေသည်။
သူ့ရဲ့ရှပ်အကျီအဖြူလက်ရှည်ကသူမအတွက်တော့
ပွယောင်းနေပြီးပေါင်အထိဖုံးထားလို့ရသည်။
ဒါပေမယ့်အပေါ်ကြယ်သီးကို၅လုံးအထိဖြုတ်ပြီး
၀တ်ထားတော့.အထဲကဘရာအနက်လေးကိုတောင်လှမ်းမြင်နေရသည်။

အဖြူရောင်နုနု(complete)🚨Where stories live. Discover now