၅၂..ကိုယ့်အက္ခရာ

5.1K 414 13
                                    

[Unicode]

ချူ၀မ်၀မ်ကတော့အမှတ်တရတွေကိုသိမ်းထားဖို့ပြောတယ်၊မင်းကကောင်းကင်ဘုံကိုရောက်သွားတာမို့လို့ငါရှေ့ဆက်ပြီးပျော်နေသင့်တယ်တဲ့။

F***g ပဲ။

မင်းထွက်သွားရင်ဒီကမ္ဘာကမင်းရဲ့အပိုင်းအစတွေ၊မင်းထိတွေ့ဖူးသမျှတွေ၊မင်းချစ်တဲ့သူတွေ၊မင်းနဲ့ဆက်နွယ်နေတဲ့သူတွေငါအကုန်ဖျက်ဆီးပစ်မယ်။

'မင်းထွက်သွားရင်....'

'...ကျေးဇူးပြုပြီး,ငါ့ကိုပါမင်းနဲ့အတူခေါ်သွားပေးပါ'

မင်းရဲ့အမှတ်တရတွေကိုငါမလိုချင်တာဘာလို့သူတို့နားမလည်ကြတာလဲ?ငါမင်းကိုပဲလိုချင်တာ;မင်းကိုပဲ၊မင်းရဲ့အခွံကိုလိုချင်တာမဟုတ်ဘူး။

'ကျေးဇူးပြုပြီး...ငါ့ဆီပြန်လာပေးပါကွာ'

ငါသာအရာအားလုံးဖျက်ဆီးလိုက်လို့မင်းပြန်လာမယ်ဆိုရင်ငါဖျက်ဆီးပစ်မယ်၊အဲ့တာဆိုမင်းလည်းငါဒီလိုလုပ်လိုက်တယ့်အတွက်ပြန်လာပြီးဆူပူဖို့ရွေးချယ်လိမ့်မယ်။

'အချိန်တွေသာနောက်ပြန်လှည့်လို့ရရင်နောက်ဆုံးမှာမင်းငါ့ကိုကြည့်မှာလား?နောက်တစ်ခါသာအခွင့်အရေးရခဲ့ရင်ရော မင်းငါ့ကိုချစ်ပေးနိုင်ပါ့မလား?'

'မင်းနဲ့သာထပ်တွေ့ရမယ်ဆိုရင်..ငါ...'

ငါမိန်းမစိုးရှုကို ဘာပြန်ပြောခဲ့တာပါလိမ့်?ပိုင်စုရှင်းကငါတွေ့ဖူးသမျှထဲကအန္တာရာယ်ရှိဆုံးလူဆိုတာပဲ။

ငါပြန်ရောက်လာခဲ့တယ်၊အ‌ချိန်တွေနောက်ပြန်ဆုတ်ပြီးပြန်ရောက်လာခဲ့တယ်'ဒီတစ်ခါတော့ ငါမင်းကိုကာကွယ်ပေးသွားမယ်၊ဒီတစ်ကြိမ်မင်းငါ့ဆီက မလွတ်မြောက်စေရဘူး'

"မိန်းကလေးပိုင်ဆီက ဆေးဝါးနဲ့အစားအသောက်တွေလက်မခံဖို့ပြောထားတာကျွန်တော်မျိုးသိပါတယ်၊ဒါပေမယ့် အရှင့်သားကနေမကောင်းဘူးလေ၊အရှင့်သားနေပြန်ကောင်းလာဖို့ဆေးဝါးနဲ့အစားအသောက်အကူအညီလိုအပ်တယ်၊မိန်းကလေးပိုင်ကလူကောင်းတစ်ယောက်ပါ၊သူကအရှင့်သားကိုဂရုစိုက်ပါတယ်၊ကျေးဇူးပြုပြီး..သူမကိုအဝေးကိုမတွန်းထုတ်လိုက်ပါနဲ့"

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now