နိဂုံး

7.6K 533 34
                                    

[Unicode]

"သူကအသက်ကြီးသွားတာတောင် ချန်ကျင်းခဲ့ထက်တောင်ချောနေသေးတယ်၊ငါ့ရဲ့ချစ်ခင်ပွန်းလေးကတော့"

လျှိုမဲ့ကကိတ်ကို ထိုးဆွနေပြီးမျက်လုံးကသူမကိုကြည့်နေလေသည်"တစ်ဆိတ်လောက်,လျှိုရှီးရှီး၊နေ့ခင်းဘက်ကြီးအိပ်မက်မက်နေတာရပ်လိုက်ပါတော့လား၊နင်ဒီတစ်သက်ဘဲရမှာလဲမဟုတ်ပဲနဲ့"

"ငါကလက်ထပ်ပြီးသွားပြီ,အိမ်ထောင်သက်တမ်း ၅၁နှစ်တောင်ရှိခဲ့တာ"

"နင်..နင်ကတော့ရူးသွားပြီပဲ၊ငါနင့်ကိုဘာလို့များအိမ်မှာနေခိုင်းထားမိပါလိမ့်?အဲ့ဒီထူးထူးဆန်းဆန်း၀တ္ထုတွေဖတ်နေတာလည်းတော်တော့်နော် မဟုတ်ရင်အဲ့ဒီစာရေးဆရာကိုတရားစွဲတော့မှာ၊လူတွေကိုဦးနှောက်ချောင်အောင်ရေးသားထားပါတယ်ဆိုပြီး"

ရှီးရှီးနှုတ်ခမ်းစူလိုက်ကာ'ဒီမိန်းကလေးကတော့...အရမ်းစိတ်ပုပ်တာပဲ'

"ကျဲကျဲ(အမ),ငါဘာရထားလဲကြည့်လိုက်"ရှီးရှီးသူမကိုမချိပြုံးပြုံးပြလိုက်၍အနီရောင်ပိုက်ဆံအိတ်ကိုနမ်းလိုက်ကာမြှောက်ပြလိုက်၏။
'ပြန်ပေးဆပ်ဖို့အချိန်ရောက်ပြီ!'

"အဲ့တာ..အဲ့တာငါ့ပိုက်ဆံအိတ်ပဲ"

လျှိုမဲ့ကသူမလက်ရမ်းတဲ့နောက်ကိုလိုက်ကြည့်နေသောကြောင့်ခေါင်းရမ်းခါနေသည်၊ရှီးရှီးသူ့အမကိုကြည့်၍အရမ်းရယ်ချင်နေတော့သည်၊ဟီး..ဟီး,ရှီးရှီးဖြည်းဖြည်းချင်းလှုပ်ရမ်းပြနေကာ ကျီစယ်လိုက်သည်။

"မလုပ်နဲ့လို့,မလုပ်ပါနဲ့တော့ဆို..လျှိုရှီးရှီး!"

ရှီးရှီးကကောက်ကျစ်စဉ်းလဲစွာထပ်ပြုံးပြလိုက်သည်၊သူမအမကပိုက်ဆံကိုဘယ်လောက်ချစ်လဲရှီးရှီးသိ၏။ငွေကိုရေလိုဖြုန်းတဲ့သူမထက်စာရင်သူမအမကငွေစုတတ်သူတစ်ယောက်ပင်ဖြစ်သည်။

"ဘာလဲ?တော်တော့လို့,လျှိုရှီးရှီး!ငါကျိန်ပြောတယ်..နင်..အဲ့ဒီပိုက်ဆံ‌တွေကငါ့idolရှိုးပွဲတွေအတွက်စု‌ထားတာပါဟာ"

"ဟုတ်ပြီ,အိုကေ..ငါနင့်ကိုယုံတယ်"

"မဟုတ်ဘူး,နင်မယုံသေးပါဘူး"

🎉 You've finished reading Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်း 🎉
Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now