Chapter 77: ရွေးချယ်မှုပြဇာတ်ရုံကို တဖန်ပြန်ရောက်လာသောအခါ စုမင်နေသားကျလေပြီ။
ဤတခါ ပြဇာတ်ရုံ၌ လူနည်းနည်းပါးပါးတော့ရှိပေမဲ့ သူတို့တွေက ခေါင်းဆောင်းမဝတ်ထားဘဲ ရုပ်ရှင်ကိုပဲတိုက်ရိုက်ကြည့်နေကြသည်။ နေရာတိုင်းမှောင်မဲနေမြဲပင်။
အဆုံးသတ်ခရက်ဒစ်နဲ့ အီစတာဥလည်းကျန်နေသေးတယ်။
ဤ သည်းထိပ်ရင်ဖိုရုပ်ရှင်ဇာတ်လမ်းက ဘာမှကြီးကြီးမားမားအရေးပါမရှိဘဲ အဆုံးသတ်သီချင်းသံစဉ်က သာမန်အတိုင်းပင်။ အီစတာဥအတွက်ကတော့ ရှောင်ချန်တကယ် ဘယ်လိုချက်ပြုတ်ခဲ့လဲဆိုတာကို ဖော်ပြထားတယ်။
ဒါက စုမင်မြင်ခဲ့သည့်အခန်းပင်။ စားစရာကို သူ့လက်သုံးပြီးမွှေနှောက်နေကာ ဘာမှထူးထူးခြားခြားမဟုတ်သလို ... အမှန်တကယ်တော့ သရုပ်ဆောင်က သူ့လက်ကိုအင်္ကျီထဲဖွတ်ထားပြီး လက်အတုနဲ့ချက်ပြုတ်နေတာဖြစ်သည်။
နည်းနည်းပါးပါးပြင်ဆင်လိုက်တော့ အလွန်အလွန့်အစစ်မှန်နဲ့တူသွားသည်။
ဒါကို စုမင်တွေ့တော့ ရယ်ချင်သွား၏။ စောစောက ရုပ်ရှင်ထဲတွင် ဤအခန်းသည် တကယ်ထိတ်လန့်စရာကောင်းတာက သူ့အတွက်ပထမဆုံးအကြိမ်မြင်ဖူးတာကြောင့်ဖြစ်၏။ သည်းထိပ်ဇာတ်လမ်းတော်တော်များများကြည့်ခဲ့ဖူးသော်လည်း ထိုသို့မတွေ့ဖူးပါပေ။
ထုံးစံအတိုင်း သရုပ်ဆောင်စာရင်းတွင် ချန်စုနာမည်မပေါ်လာပေ။ သူကျင့်သားရနေပြီဖြစ်ကာ ခေါင်းဆောင်းကိုချွတ်၍ ထွက်ရန်အသင့်ဖြစ်နေပြီ။
ထွက်သွားတဲ့ကိစ္စပြောရရင် နောက်ဆုံးမှာ သူ မထွက်သွားခင် တကယ်ပဲ ချန်စုရဲ့ဆန္ဒကိုလိုက်လျောခဲ့တာပဲ။ သူ့ဆုံးဖြတ်ချက်သူ ရှော့ခ်ရသွားခဲ့ပြီး အဲ့အချိန်က တစ်ခုခုဝင်ပူးခံခဲ့ရလို့ဖြစ်မယ်။
ထိုသူက အမှန်တကယ်လူသားဆိုတာ စုမင်နည်းနည်းတော့ပြောနိုင်တယ်။
သို့ပေမဲ့ ချန်စုကိုယ်တိုင်က ဘာမှမပြောခဲ့ပေ။ သူ့ကြည့်ရတာတစ်ခုခုပြင်ဆင်နေပုံရသည်။ သူထိုအကြောင်းမေးခဲ့ရင်တောင် လိုချင်တဲ့အဖြေရမှာမဟုတ်ပေ။ သူကိုယ်တိုင်ရှာတွေ့ပါမှဖြစ်မည်။
YOU ARE READING
To be a Heartthrob in a Horror Movie(Myanmar Translation)
Mystery / ThrillerOriginal Author - Jiang Zhi Yu(姜之鱼) English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပညာသည် ပရိသတ်များအား ရုပ်ရှင်ထဲဝင်ခွင့်ရပြီး ကိုယ်တိုင်ကိုယ်ကျအတွေ့အကြုံခံစားနိုင်တယ်။ သဘာဝအားဖြင့် အချစ်ဇာတ်လမ်းများက ပေါ်ပြ...