အပိုင်း ၁ (အပိုင္း ၁ )

1.3K 94 9
                                    

unicode

"တိတ်ပါတော့ ဆော့လေးရယ် ကိုကိုကပြန်လာမှာပဲကို"

"ဟင့်...ကိုကိုက အကြာကြီးနေအုံးမှာလေ ဆော့လေးက ဘယ်သူနဲ့ဆော့ရမှာလဲလို့
အီးဟီး..."

"သားငယ်လေးရေ...နောက်ကျတော့မယ်ပြန်ကြရအောင်..."

တစ်ကယ်ပါပဲ ဒီညီကိုနှစ်ယောက်အလွမ်းသယ်လို့မပြီးနိုင်ကြဘူး...

ငါးနှစ်အရွယ် ဟိုဆော့ လေးက သူ့အစ်ကို
ဆော့ဂျင် ကိုမခွဲနိုင်လို့ငိုနေခြင်းသာ...

ဆော့ဂျင်က ဒီနှစ်ဆိုရင် ကိုးတန်းရောက်ပြီ...
နောက်နှစ်အတွက် အခြေခံလည်းရအောင်...မြို့က ကိုယ်ပိုင်ကျောင်းမှာလာထားခြင်းပင်...

"ကိုကိုကဘယ်ချိန်ပြန်လာမှာလဲဟင်"

"အင်းး ကိုကိုက မကြာဘူးခနပဲ ကျောင်းတက်ပြီးတာနဲ့ ဟောဒီညီသေးသေးလေးဆီကို တန်းပြန်လာမှာ"

"ကတိနော်.."

"ကတိပါဗျာ.."

ဟိုဆော့ ကမ်းလာသည့် လက်သန်းလေးကို
ဆော့ဂျင် ကသူ့ရဲ့လက်သန်းဖြင့်ချိတ်က
သူ့ညီကို ကတိပေး၏

"ဖေဖေနဲ့မေမေ ညီလေးဒီနှစ်မူကြိုတက်ရမှာမလား သေချာဂရုစိုက်နော်"

"အမလေး စိတ်ချပါအစ်ကိုကြီးရယ်...
ကျွန်မက ဟိုဆော့ရဲ့အမေအရင်းပါ သေချာစောင့်ရှောက်ပါ့မယ်ရှင့်"

"အာ...မေမေကလည်း "

"ဟုတ်ပါပြီ...မေမေ့သားကြီးလည်း စာကြိုးစားရမယ်နော် ကျန်းမာရေးလဲဂရုစိုက်"

"ဟုတ်ကဲ့မေမေ..."

ညီလေးကို ထွေးဖက်ပြီး နဖူးလေးကိုအနမ်းပေးကာ ချော့ပြောမှ အသာတကြည်ပြန်လိုက်သွားတဲ့ ဟိုဆော့လေး...

"တာ့တာနော် ကိုကို"

"တာ့တာ ဆော့လေးး"

အစ်ကို့ကိုလက်သေးသေးလေးတွေဝှေ့ရမ်းပြကာ နှုတ်ဆက်ထွက်သွား၏
ဂျစ်ကားလေးက တစ်ရွေ့ရွေ့ဝေးကွာသွားပြီးမှ...ဆော့ဂျင်ငိုမိသည်

တစ်ခါမှမခွဲဖူးဘူး...အထူးသဖြင့်ညီလေးနဲ့ပေါ့...
ညီကိုနှစ်ယောက်လေးပဲရှိတာလေ...
မိသားစု လေးကလေးယောက်ထဲရယ်...

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now