အပိုင်း ၁၇

432 58 8
                                    


Unicode

" အား   ... အခုမှပဲ အေးအေးဆေးဆေးနားရတော့တယ်... အမလေး..  ပါဝါရိန်းဂျားလေးတခါဖြစ်မိပါတယ်.. ပြီးကိုမပြီးနိုင်တော့ဘူး..စစ်ဆေးတာတွေ.ငါသွေးတွေလဲကုန်ပြီလားမသိဘူး... "
ဟု  ပိုင်ဝေ့ရှင်း တိတ်တဆိတ်ဟစ်ကြွေးလိုက်သည်။

"ဝေ့ဝေ့  နင် ဒါပြီးရင် ဘယ်ကိုသွားမှာလဲ?... ငါတို့ မဆုံရတာကြာပြီဆိုတော့.. စားသောက်ဆိုင်ကောင်းကောင်းမှာတခုခုသွားစားကြရအောင်?..."
အဝတ်လဲခန်းမှ အထွက် သူမ ငြိမ်သက်နေတာကိုတွေ့၍  ရိုစလီ  မေးလိုက်သည်။

" okလေ  သွားကြမယ်... "

" မင်ဟွန်း..  ယုကီအီ   ငါနဲ့ဝေ့ဝေ့ တခုခုသွားစားကြမလို့..  နင်တို့ရော လိုက်ဦးမလား?..."

" အင်း....  ငါတို့လဲ လိုက်မယ်..."

ဂန်မင်ဟွန်းနဲ့ယုကီအီ မငြင်းပဲလက်ခံလိုက်သည်။
အဝတ်အစားများလဲပြီး  လေးယောက်သား အတူထွက်လာစဥ်...

" မင်းတို့ ဘယ်သွားကြမလို့လဲ?...."

" ခေါင်းဆောင်..."  ဟု  လေးယောက်သာ အော်လိုက်မိသည် ။

ကာတာရှီ ပိုင်ဝေ့ရှင်းအား စကားပြောရန်စောင့်နေတာဖြစ်သည် ။

" ကျမတို့ တခုခုသွားစားကြမလို့ပါ..ခေါင်းဆောင်ရောလိုက်ဦးမလား?..."
ရိုစလီက ပြောလိုက်သည် ။

ပိုင်ဝေ့ရှင်း တားရန်မမှီတော့သဖြင့်  ကာတာရှီ ငြင်းလိုက်ပါစေဆိုပြီးသာ တိတ်တဆိတ်ဆုတောင်းမိသည် ။
မျက်နှာကတော့  အတောက်ပဆုံးပြုံးထားသည် ။

" ကောင်းပြီလေ..."

'.....'
*ငါလေးကထာဝရသနားစရာလေးပါ😭*

................

မြို့တော်၏ ထိပ်တန်းဟိုတယ်တခုရှိ  စားသောက်ဆိုင် သီးသန့်ခန်းတွင် ပိုင်ဝေ့ရှင်းတို့  ထိုင်နေကြသည်။

ကာတာရှီမှ မန်နေဂျာအားခေါ်ကာ  တယောက်ချင်းစီအတွက် အထူးစားပွဲများပြင်ဆင်ပေးရန် ပြောနေလေသည် ။

ပိုင်ဝေ့ရှင်း  စားပွဲအောက်တွင် လက်နှစ်ဖက်ကို ပွတ်ချေကာ ဒီနေရာကနေထွက်သွားနိုင်ဖို့ကို အသ​ဲအသန်စဥ်းစားနေသည်။

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now