(၃၂)Z/U
581 48 0
Zawgyi
_______
"သူကဒီကိစ္စကိုဘယ်လိုသိသွားတာလဲ "
"ကျွန်မလဲမသိနိုင်ဘူးလေ "
အမတ်လီသူ့ရှေ့ကအဆင့်နိမ့်တဲ့သူမကိုစူးစိုက်ကြည့်နေလိုက်သည်။သူ့ကိုဒီကိစ္စတွေခိုင်းခဲ့ပြီး ရှဲ့ဟန်ကိုဘာအင်အားမှမရှိတော့အောင်လုပ်ချင်ခဲ့တာ ဒါပေမဲ့ ရှဲ့ဟန်မထင်ထားလောက်အောင်စွမ်းအားကြီးမားလွန်းတယ်
သူ့ရဲ့မမြင်လိုက်ရတဲ့သားဖြစ်သူကလဲစွမ်းအားကြီးတဲ့ကလေးဖြစ်နေတာ သူသိလိုက်တာမို့အချိန်မှီရှင်းပစ်လိုက်နိုင်တာပင်။
သူဒီအစေခံမကိုချမ်းသာတဲ့အိမ်တော်ကသခင်လေးတစ်ယောက်နဲ့လက်ထပ်ပေးမယ်လို့မက်လုံးပေးခိုင်းစေခဲ့တာပင်။
အိမ်တော်ကထျန်သခင်လေးကိုလဲ နန်းတွင်းကစစ်တဲ့စာမေးပွဲကိုအအောင်ပေးပြီးအတွင်းဝန်တစ်ယောက်ဖြစ်လာ အောင်ကူညီပေးမယ်လို့ ပြောခဲ့တာပင်။
"အခုဘယ်လိုလုပ်မလဲအရှင်မင်းကြီးသာဒီကိစ္စကိုသိသွားရင်ဘယ်လိုလုပ်မလဲ "
"စိတ်မပူပါနဲ့ ကျွန်တော်ကူညီပေးမယ်!"
"ဘယ်သူလဲ !"
အသံသာကြားရပြီးအခန်းတွင်းမှာဘယ်သူမှရှိမနေတာကြောက့် အမတ်လီမျက်လုံးကကျီးကန်းတောင်မှောင်ရှာဖွနေတော့သည်။ချက်ချင်းပင်သူတို့ရှေ့မှာပေါ်လာသည့်ကောင်လေးတစ်ယောက်
"မင်းဘယ်သူလဲ ဘယ်လိုရောက်လာတာလဲ"
"မေးခွန်းတွေကများလိုက်တာ ခင်ဗျားကရှဲ့ဟန်ဆိုတဲ့လူကိုသတ်ချင်နေတာပဲမှတ်လား"
"မင်းကဘယ်လိုသိ"
အမတ်လီကြည့်နေရင်းထိုကောင်လေးက သူ့ရှေ့ကိုထိုင်လာခဲ့သည်။
"ဘယ်လိုသိလဲဆိုတာအရေးတော့မကြီးပါဘူးဒါပေမဲ့ အမတ်လီကတအားစိတ်အားထက်သန်ပြီးသိချင်နေရင်တော့... "
အမတ်လီကသူ့ရှေ့ကလူငယ်လေးရဲ့လက်ကိုသေချာစိုက်ကြည့်နေသည်။ကောင်လေးဟာ စကားပြောနေရင်းလက်ကလှုပ်ရှားနေပြီးထိုလှုပ်ရှားမှုမှာအင်အားကြီး တဲ့စွမ်းအင်တစ်ခုကိုခံစားနေရတယ်။အမတ်လီကပြုံးလိုက်ပြီး ထိုကောင်လေးကိုစကားစတင်ပြောဆိုနေတော့သည်။