24.1

3.4K 387 15
                                    

အခန်း ၂၄.၁ မနာလိုတာက အဆိပ်ပဲ

ပိုနေမြဲ ကျားနေမြဲ အနေအထားကို ထိန်းသိမ်းဖို့ ဆိုတာ လူတိုင်းအတွက် လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးလေ အချို့လူတွေရဲ့ ရောင့်ရဲ့ခြင်းဆိုတဲ့ အဓိပ္ပာယ်က တက်ကြွမှုမရှိခြင်း ဆိုတဲ့ သဘောကိုလည်း သက်ရောက်သည်လေ

ရည်ရွယ်ချက်ကြီးတဲ့သူဆို လက်ရှိအနေအထားမှာတင်ကျေနပ်နေမှာမဟုတ်ဘူး

ချန်ဟောက်ဆို ရောင့်ရဲနိုင်တဲ့သူမဟုတ်လို့ တဘဝလုံး တိုက်ခိုက်နေခဲ့တာ

အခုထိ သူ့အတွက် အကျေနပ်ဆုံးအရာအကြောင်းကိုပြောမယ်ဆို ယောင်ယောင်ကို သူ့ကို ကြွေအောင်လုပ်ခဲ့တာပဲနေမှာ

သူမရနိုင်တဲ့မိန်းမမရှိဘူး သူက တောထဲမှာ စောင့်နေတဲ့ မုဆိုးလိုပဲ တိတ်ဆိတ်ပြီး မလှုပ်ဘဲ နေနေတယ်ဆိုပေမယ့် ထောင်ချောက်တွေကတော့ ဆင်ထားပြီးသား သူလုပ်စရာလိုတာက စောင့်နေရုံပဲ

လင်းဖေးဖြစ်ဖြစ် လော့ယောင်ယောင်ဖြစ်ဖြစ် သူတို့က သူ့ရဲ့ စီစဉ်ထားတဲ့ထောင်ချောက်ထဲ ဖြည်းဖြည်းချင်း ဝင်လာကြမှာ သူတို့ ရဲ့ စိတ်အခြေအနေ တွေ ပြောင်းလဲမှုတိုင်းကလည်း သူ့ထိန်းချုပ်မှုအောက်မှာပဲ

ဒါက သူလိုချင်နေတဲ့အရာဆိုတာ သူတို့ကသိချင်မှသိမှာ သူက သူရီဝေနေတဲ့ချိန် လူတိုင်း မူးသွားတဲ့ခံစားချက်ကို သဘောကျသည်လေ။ အမြင့်တနေရာမှာရပ်ပီး ရူးနေတဲ့မိန်းမတွေကို ကြည့်ရတာကိုပေါ့ အိမ်မက်ထဲမှာဆိုရင်တောင် သူကရယ်ပြီးနိုးလာရမယ့်သူ

လော့ယောင်ယောင် သူ့ကိုကြွေသွားတာက မတော်တဆ တစ်ခုကြောင့် လှပတဲ့ မတော်တဆလေးပေါ့ ပြီးတော့ သူလုပ်စရာလိုတာက အဲ့မတော်တဆလေးကို ဆက်ဖြစ်နေစေဖို့ပဲလေ

တချို့လူတွေက သူရူးနေတယ်လို့ ပြောချင်ပြောကြလိမ့်မယ် ပြီးတော့ ဒီမိန်းမကို အပြည့်အဝဖမ်းချုပ်နိုင်တဲ့ အခွင့်အရေးက​ဒါဆိုတာ သိကြမှာမဟုတ်ဘူး

မဟုတ်သေးဘူး သူ့ကို ရူးတယ် မိုက်မဲတယ်လို့ပြောတဲ့ လူတွေကမှ တကယ့်ကို မိုက်မဲတဲ့သူတွေ ဒီကမ္ဘာမှာ တားဆီးလို့မရနိုင်တဲ့အချစ်က မင်းမရနိုင်တဲ့အချစ်ပဲ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now