Part 25 (Uni+Zawgyi)

3.8K 176 4
                                    

Uni

"Morning မာမီ "

"ဘယ်သွားမလို့လဲ
ရွှတ် ....တအားတွေလှ​နေတဲ့မာမီ "

မာမီကို  ထမင်းစားခန်းထဲမှာ ​ကပ်ချွဲပြီး နမ်း​နေတဲ့ ​ရွှေဘုန်း ။ သူ့မာမီကလည်း တကယ် ကျက်သ​ရေရှိစွာ လှ​နေတာ ။

​"ခေတ်​လေးဆီသွားမလို့ "

"ဝါး သူ့ သား​ခေတ်ဆီသွားတာ သား​တောင် မ​ပြောဘူး"

"မဟုတ်ဘူး​လေ သားငယ်​လေးပဲ  သား​ခေတ်ကို စိတ်ဆိုး​နေတာဆို "

​​ခေတ် ပြန်​ရောက်​နေတာ ၂ပတ် ပြည့်တော့မယ် ​ရွှေဘုန်း ​​ခေတ်ဆီ လုံးဝမသွား ဘူး ။ ဒါ​ပေမယ့် အရင်လို ထွက်မ​ပြေး​နိုင် အောင် သူ့ ကုမ္ပဏီက အ​တော်ဆုံးsecurity ၄​ယောက်ကို မနက် ၂​ယောက် ည၂ ​ယောက်နဲ့အနီးကပ် ​စောင့်ကြည့်ခိုင်းထားပြီး ။ ​ခေတ် ဘယ်သွားသွား လိုက်ရန် body guard ၁​ယောက် ready ခန့်ထားတာ ။ သူက​တော့ စိတ်ဆိုး​နေတာ​ပေါ့ ။ တကယ်​တော့ အ​ချော့ခံချင်တာ ။ ​ခေတ်ကလည်း သူ့အပြစ်နဲ့ သူမို့ ​ရွှေဘုန်းကို မျက်နှာချင်းကို မဆိုင်ရဲတာ ။

"အခုက မာမီ အင်္ကျီ သွားအပ်မလို့​လေ
​နောက်တပတ် တနင်္ဂ​နွေ ရက်​ကောင်းတယ်တဲ့ အခါ​တော်​ပေးက
​နေပြည်​တော်သွားပြီး သားကိစ္စ သွား​ပြော​ပေးမလို့​လေ "

"တကယ်လား
မာမီကို ချစ်လိုက်တာ "

"ဒယ်ဒီကို ​ရော မချစ်ဖူး​ပေါ့ "

"ချစ်တာ​ပေါ့ ဒယ်ဒီရာ "

"သားလည်း ​လိုက်ခဲ့​လေ
တခါတည်း ​နေ့​ကောင်းရက်သား​ရွေးပြီး ​စေ့စပ်တာ​လေး လုပ်ထားရ​အောင် "

"ဟုတ်တယ် သားငယ်​လေး
စိတ်ဆိုးတာ ခဏထား ၂​ယောက်လုံး အသက်မငယ်​တော့ဘူး "

"Yess မာမီ
မာမီနဲ့ဒယ်ဒီကို အချစ်ဆုံး "

​ရွှေဘုန်းက မာမီ ကို ​တော့ ​ခေတ်ကို အသိမ​ပေးဖို့ နှုတ်ပိတ်ထားရသည်။ သူက ​ခေတ်ကို romatic ဆန်ဆန် လက်ထပ်ခွင့်​တောင်းဖို့ အားလုံး စီစဥ်ထားတာ ။ ဒီတခါ လက်ထပ်ခွင့် ​တောင်းတာကို အားလုံး suprise ဖြစ်​အောင် သူ့ သူငယ်ချင်း အရင်း​တွေကို​တောင်​ပြောပြမထားပါ ။

Forever Together  (Completed)Where stories live. Discover now