Ep_4

7.2K 406 2
                                    

Unicode

နေရောင် ဆိုင်၏အပြင်အဆင်တွေကိုလိုက်ကြည့်နေတုန်းမှာပဲ မန်နေ
ဂျာမလေးက ဖိုင်လေး တစ်ခုကိုင်လာရင်းနေရောင့်အနားကိုရောက်
လာ၏။

"ဒါကတော့ အလုပ်လျှောက်လွှာတင်ထားတဲ့လူတွေရဲ့ကိုယ်ရေးအ
ချက်အလက်တွေပါ"

"အိုကေ အင်တာဗျူးက ဘယ်အချိန်စမှာလဲ"

"ခဏ နေရင် စမယ်လိူ့ပြောတယ် ဘော့စ်"

ဆိုင်ဖွင့်ဖို့ အထည်တွေ စက်ပစ္စည်းတွေ စစ်ဆေးနေရင်းနဲ့မှ ဖိုင်တွဲ
ကိုင်ရင်း အင်တာဗျူးလုပ်မည့်ခန်းမထဲဝင်လာ၏၊ ဟောခန်းထဲသို့
ရောက်လျှင်ဆိုင်မန်နေဂျာရယ် ကြီးကြပ်ကွပ်ကဲရေးမှူးကပါ အဆင်
အသင့်စောင့်နေပြီးသား။ နေရောင် အင်တာဗျူး စစ်ဆေးမည့်စားပွဲ
မှာ ဝင်ထိုင်လိုက်ပြီး အကူမိန်းကလေးကို ခေါင်းငြိမ့်ပြလိုက်တော့
အခန်းတံခါး ဆွဲဖွင့်၍ interview ရန် စောင့်နေသည့်လူတွေကို
ခေါ်လိုက်တော့၏၊

"အင်ကြင်းနွေးဝင်လို့ရပါပြီ"

လူစုတွေထဲမှ မိန်းကလေးတစ်ယောက်ဝင်သွားလျှင် ဖိုင်ကိုကျစ်ကျစ်
ပါအောင်ကိုင်ထား၏။ အချိန်တွေဘယ်လောက်ကုန်လို့ကုန်မှန်းမသိ။
တစ်ယောက်ပြီးတစ်ယောက်ဝင်လိုက်ထွက်လိုက်နှင့် နောက်ဆုံးမှ
ခန့်ဆက်အလှည့်ရောက်လာသည်။ပြီးတော့ အကူကောင်မလေးက
စာရင်းစာအုပ်ကလေး ကိုင်ထားရင်း ခန့်ဆက်ကိုကြည့်လျှက်...

"Richard Hmue ဝင်လို့ရပါပြီ"

ခန့်ဆက်ရှေ့က ဝင်သွားတဲ့ မိန်းကလေး ပြန်ထွက်လာမှ ဟောခန်းထဲ
ဝင်လိုက်သည်။ထို့နောက် လွတ်နေတဲ့ interviewerတွေရှေ့က
လွတ်နေတဲ့ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်လိုက်တော့ ခေတ်နေရောင် နှင့်
မျက်နှာချင်းဆိုင်ဖြစ်သည်။ ဝင်ထိုင်လိုက်တဲ့ ခန့်ဆက်ကိုတစ်ချက်
ကြည့်ပြီး ကိုယ်ရေးအကျဉ်းအား ကြည့်လိုက်၏၊ ပြီးမှ ဘောပင်ကို
ချထားရင်း...

"မင်းက ကယ်လီဖိုနီးယားက ရောက်လာတာပဲ"

"ဟုတ်"

"Department Of Designကပဲ ၊ဒီဇိုင်းနဲ့ပတ်သတ်တဲ့
ကျောင်းပြီးထားတာလား"

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now