Part - 18

24.8K 1.8K 45
                                    

Part - 18

                My Oleander Hubby

" အပူကျအောင် အကိုဆေးထိုးပေးခဲ့တယ် ၊ ညနေကျရင် တစ်ခုခုကျွေးပြီး ဆေးတိုက်လိုက်နော် ၊
ဟေ့ကောင်!! အပူတက်နေသေးတယ်နော် ၊ ဆေး
သောက်ဦး ၊ မင်းအကြောင်းငါသိတယ် ၊ ဆေးသုံးခွက်စာပေးရင် တစ်ခွက်စာလောက်ပဲသောက်တဲ့
အကောင် ၊ သက္ကရာဇ်ရေ!! သူကဆေးကြောက်
တယ် ၊ကြောက်တာထက် ပေတာဆိုပိုမှန်မယ် ၊
အဲတော့ ငါ့ညီကပဲ သတိထားပြီ ဆေးကိုအကုန်လုံး
တိုက်ပေးနော် သိလား "

ရာဇ်က ဒေါက်တာပေးတဲ့ဆေးတွေကို လက်ခံယူလိုက်ရင်း ---

"ဟုတ်ကဲ့ ဒေါက်တာ !!"

" အနေအစားလဲဂရုစိုက်ဖို့ပြောပေးပါဦး သက္ကရာဇ်ရယ် ၊ မင်းလူကြီးက တအားကိုပြောရဆိုရ လက်ပေါက်ကပ်တယ်ကွာ "

ဆရာပြောတာတွေကို ခေါင်းညှိမ့်ထောက်ခံလိုက်ပြီး
----

" သူသာသိ သူသာတက်လေ ၊ အဲလိုလူတွေက
ပြောရဆိုရတာ အဆင်ပြေမနေဘူးဒေါက်တာ ၊
ဘုန်းကြီးတစ္ဆေတွေလိုပဲ "

ကိုယ့်စကားကြောင့် ဒေါတ်တာကတဟားဟားအော် ရီရင်းကနေ ---

" ဟုတ်ပါ့ကွာ! ! ဟုတ်ပါ့ ၊ တကယ်ကိုလက်ပေါက် ကပ်တာဟေ့ ! ! "

ဆေးထိုးခံထားရလို့ တင်ပါးနာနေရတဲ့ကြားထဲ
သူငယ်ချင်းဆိုတဲ့အကောင်နဲ့ ရာဇ်က ကိုယ့်ကို
ရသမျှဖဲ့နေတော့တာကြောင့် ဒေါသထွက်လာရ
သည် ။ ရာဇ် ဆိုသည်မှာလဲ မကျေနပ်သမျှကို
အခုမှ အတိုးချပြောနေသလားထင်ရသည် ။

" ဟေ့ကောင် နေလင်း!! မင်းငါ့ကိုဆေးလာထိုးပေးတာမို့လား ၊ ဆေးထိုးပေးပြီးသွားပြီဆိုရင် ပြန်ပေတော့ ၊ မပြန်ရင် ငါထပြီးကန်မိတော့မယ် သူတောင်းစားရယ် ၊ သက္ကရာဇ် !! မင်းလဲနော် ငါ့ကိုဆိုပြော
မယ်ဆိုတာကြီးပဲ ၊ အဲကောင်က သူစိမ်း ငါကမင်း
လင်ဆိုတာလဲ သတိရဦး ၊ သူစိမ်းနဲ့ပေါင်းပြီး ငါ့ကို
ရသမျှနှိပ်ကွတ်မနေနဲ့ "

သက္ကရာဇ်က ကုတင်ဘေးနားကိုလျှောက်လာပြီး
---

" ဘယ်သူကနှိတ်ကွတ်နေလို့လဲ ၊ အမှန်တရားကို
ပြောနေတာလေ ၊ အနေအထိုင်ကိုဆင်ခြင်တာမှမရှိတာ ဖြစ်မှာပေါ့ "

My Oleander Hubby ( Completed ) Where stories live. Discover now