တစ်ခန်းတည်းအတူအိပ်ဖြစ်ကြတဲ့ဒုတိယည။ အတွေးတွေကိုယ်စီနဲ့တစ်ရေးမှမရတဲ့ည။" နွေး ... "
" ဟွန် ~ "
ကျောချင်းကပ်ထားရာမှတစ်ဖက်လှည့်ကာသေးသွယ်ကျဥ်းမြောင်းသည့်ခါးသိမ်သိမ်အားဆွဲပွေ့ကာ၊ရင်ခွင်တွင်းထည့်ဖက်ထားလိုက်မိသည်။
" ကိုယ်လေ ဟိုး အဝေးကြီးကိုခရီးသွားရလိမ့်မယ် ။ နည်းနည်းလေးတော့ကြာမယ်ဆိုပေမဲ့ ... "
အဲ့တာရက်ပေါင်း သုံးရာခြောက်ဆယ့်ငါးရက်ဆိုပေမဲ့။ အတွေးနဲ့ရူးမတက်လွမ်းရမယ်ဆိုပေမဲ့ ။
နွေးသည်စကားဟမလာပါချေ။ကောင်ငယ်လေးသည်ထွေးပွေ့ထားသောခါးမှသူ၏လက်ဖမိုးအားအုံ့မိုးဆုပ်ကိုင်လာသည်မှာတင်းတင်းကြပ်ကြပ်။
" ကြာ... ကြာ ...ကြာမှာ ...လား "
" ကြာမယ်ဆိုရင်ရော နွေးကကိုယ့်ကိုစောင့်နေမှာလား "
" စောင့်....စောင့်...မှာ... ကို...ကို..လာ..လာခေါ်..လာခေါ် "
သစ်ရွက်တို့သည်လွမ်းဆွေးဖွယ်ကြွေဆင်း၏။ သစ်ရွက်တွေကြွေတဲ့ည။
အလွမ်းတွေဝေတဲ့ည။
အဲ့သည့်ည.... ကိုကို့မျက်ရည်တွေပေါပေါသီသီကြွေတဲ့ည ။~
" သား သက်နွေး "
နေသက်နွေး၏တစ်နေ့တာသည်ပြတင်းပေါက်တွင်ကိုယ်မှီခေါင်းတင်ရင်းမျှော်ငေးနေခြင်းဖြင့်သာကုန်ဆုံးတတ်၏။
ထမင်းကိုကျွေးသလောက်စားသလို၊အပြုံးအရယ်လည်းမရှိတော့သလို၊အထစ်ထစ်အငေါ့ငေါ့စကားသံလေးဟာလည်းတော်ရုံနှင့်မကြားရတက်တော့ချေ ။
နေ့စဥ်ဓူဝလုပ်ငန်းဆောင်စဥ်တွေကိုသံပတ်ပေးထားသောစက်ရုပ်သေးသေးလေးနှယ်လှုပ်ရှားကာ၊နေသက်နွေးရဲ့ကမ္ဘာလေးဟာ၊ဆိတ်ငြိမ်ကာ၊တိတ်ဆိတ်သောတောအုပ်လေးသဖွယ်။
" အောင်သန့်စင်လာတယ် "
ဒေါ်မိုးမြတ်စံ၏အပြောတောင်မဆုံးသေးချေအောင်သန့်စင်နေသက်နွေးနံဘေးရောက်လာကာ၊သက်ပြင်းတစ်ချက်ချလေသည်။ လက်ထဲမှပိုက်ဆံအားသက်နွေးအမေထံထည့်ပေးပြီးနောက်ထိုကောင်လေးကိုထပ်ကြည့်မိသည်။