24.2

3.4K 406 13
                                    

ယောင်ယောင်ကို တပတ်အတွင်း အပြီး သတ်ပါ့မယ် !

-

အလုပ်ရှုပ်တဲ့ကာလ ပြီးသွားတော့ ယောင်ယောင်က နောက်ဆုံးသဘောပေါက်သွားတာက သူမချင်းကျင်းကို ပစ်ထားမိနေတယ်ဆိုတာကိုပေါ့ အပြစ်ရှိသလိုခံစားရကာ အထူးတလည် ခွင့်ယူပြီး သူတို့နှစ်ယောက်တူတူ မြို့ပြင်က ရွာဘက်ကို သွားလည်ဖို့ လုပ်ခဲ့ကြသည်။

ချင်းကျင်းက တအားပျော်သွားခဲ့သည်။ ဖြစ်ချင်တော့ ယွမ်စီနန်က ထိုသတင်းကိုကြားကာ သူတို့နှစ်ယော်ရဲ့ သီးသန့်ကမ္ဘာလေးကို အများကမ္ဘာအဖြစ်ပြောင်းလိုက်တော့တာပဲ။ ချင်းကျင်းကို ဒေါသထွက်အောင်လေ

ထို့နေ့ ညစာစားပြီးတော့ မြစ်ဘေးမှာအစာကြေအောင်လမ်းလျှောက်ဖို့ လုပ်ခဲ့ကြသည်။

ယွမ်စီနန်နဲ့တခြားသူတွေက အရမ်းမလွန်ကြ သူတို့နောက်က နေ ခပ်လှမ်းလှမ်းမှာ လိုက်ကာ အချိန်ပေးလိုက်ကြပါသည်။

ဒီနှစ်တေါမှာ မြို့က လျင်မြန်စွာ တိုးတက်လာခဲ့တာပင် ပတ်ဝန်းကျင်က အရေးကြီးပြီး ပိုမိုစိမ်းလန်းအောင်လုပ်ရမယ်ဆိုတာ သိပေမယ့် သဘာဝလေထု တော့ တော်တော်လေးဆုံးးရှုံးသွားတာပင် ကျေးလက်ရဲ့ ရွံ့နံ့ တွေ မြက်ခင်းနံ့တွေ ရှုရှိုက်ပြီး မြက်ထဲက အင်းဆက်တွေရဲ့ အသံကို နားထောင်ရတာ က ယောင်ယောင်စိတ်ထဲ အရမ်းကိုအေးချမ်းသလိုပင်

ချင်းကျင်းကို "ဒီမှာနေရတာ အရမ်းနေလို့ကောင်းတာပဲ ပြန်တောင်မသွားချင်တော့ဘူး"

ချင်းကျင်းက ပြုံးကာ "ခုတင် အစားအသောက်မကောင်းဘူးလို့ ညည်းလာတာ မဟုတ်ဘူးလား?"

ယောင်ယောင်က သူ့ကိုလက်သီးနဲ့ထိုးကာ "ဒိီတိုင်း သဘောတူလိုက်လို့မရဘူးလား?"

"အိုခေအာ့ဆို ဒိီမှာ ရက်အနည်းငယ်လောက် ပိုနေကြတာပေါ့" ချင်းကျင်းက ပြန်ဖြေသည်။

ယောင်ယောင်က နှုတ်ခမ်းစူကာ "မရဘူးလေ ချစ် ခွင့် ၃ရက်ပဲ ယူလာတာ ပိတ်ရက်ပါပေါင်းရင် ၅ ရက်တည်းရယ်"

ချင်းကျင်းက "အာ့ဆို နောက်ခါ အချိန်ရရင် ဒီကို ထပ်လာဖို့ အဖော်လုပ်ပေးမယ်"

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now