ရှင်းလင်းချက်

1.6K 41 0
                                    

ဂန္တဝင်ဂိုဏ်းချုပ်ဘာသာပြန်လေးကို Wattpadမှာ Zawgyi codeနဲ့ တင်ထားတာတွေ့ပါတယ်။
Unicodeနဲ့တော့မတွေ့ပါဘူး။ ကိုယ်လည်းဖတ်ရင်းနဲ့ Unicodeသမားတွေလည်း ဖတ်လို့ရအောင်တင်ပေးမလို့ပါ။ သက်ဆိုင်သူတွေက ဖြုတ်ပေးပါဆိုရင်တော့ ဖြုတ်ပစ်လိုက်မှာပါ။

Zawgyi codeသမားတွေက white_sky_immortal ဆီမှာဖတ်နိုင်ပါတယ်။

#crd

Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu



#crd

Author : August Eagle

ဇာတ်လမ်းအကျဉ်း

လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။

"စနစ်ရဲ့ အဓိကမစ်ရှင်"

လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမှာ သမိုင်းဝင်နံပါတ်တစ်ဂိုဏ်း ဖြစ်လာရမယ်။ လင်းဖုန်းကလဲ အဲ့ဒီဂိုဏ်းရဲ့ သမိုင်းဝင်ဂန္တဝင်ဂိုဏ်းချုပ် ဖြစ်လာရမယ်လေ။
ဒီလိုမျိုး သမိုင်းဝင်ဂန္တဝင်ဂိုဏ်းချုပ် တစ်ယောက်ဖြစ်လာအောင် လင်းဖုန်းဟာ အပြင်းအထန်ပဲ ကြိုးစားရပါတော့တယ်။

"မင်းရဲ့နာမည်က ရှီဟောင်လား? မင်းလေးဟာ ဘုရင့်အနွယ်ဝင်ဖြစ်ပေမယ့် ဝမ်းကွဲညီအကိုရဲ့ အနိုင်ကျင့်တာကို ခံလိုက်ရတယ်။ အခုတော့ မင်းအဖေ ထားထားတဲ့ ရွာငယ်လေးမှာ နေနေရပြီ။ လာ လာ လာ လာ..ဆရာသခင်နားလာခဲ့... တရားခံတွေဆီမှာ တရားမျှတမှုကို ပြန်တောင်းရမယ်။

"မင်းရဲ့နာမည်က ရှောင်ယန်လား?" အတိတ်က ပါရမီရှင်လေးတစ်ယောက်... အခုတော့ အရှုံးသမားလေး ဖြစ်နေရပြီ။ မင်းရဲ့ ဇနီးလောင်းကတောင် ‌စေ့စပ်ပွဲကို လာဖျက်သိမ်းပြီး အရှက်ခွဲသွားတယ်။ လာ လာ လာ လာ..ဆရာသခင်နားလာခဲ့... မြေနိမ့်ရာမှာ လှံစိုက်လို့ မရဘူးဆိုတာကို ဒီကောင်မလေးသိအောင် ကောင်းကောင်းပညာပေးရမယ်။

"မင်းရဲ့နာမည်က ဇူရီလား?" မင်းအဖေအမတ်ရဲ့ဖိနှိပ်ခြင်းကို ခံနေရတဲ့ ပြဿနာကောင် ကလေးလေး... မင်းအမေကလဲ သူတော်စင်ဖြစ်ပေမယ့် အသတ်ခံလိုက်ရတယ်။ လာ လာ လာ လာ.. ဆရာသခင်နားလာခဲ့... လက်ရုံးရည်ထက် နှလုံးရည်က သာတယ်ဆိုတာ မင်းအဖေသိအောင် ပြောပြရမယ်။

Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now