အပိုင်း ၁၁၇ : ရေနဲ့မီးတို့ရဲ့ လုံးဝဆန့်ကျင်မှု

471 61 0
                                    

အပိုင်း ၁၁၇ : ရေနဲ့မီးတို့ရဲ့ လုံးဝဆန့်ကျင်မှု

ကောင်းဖန်ရဲ့ ခေါင်းဆောင်မှုအောက်မှာ... ကျင့်ကြံသူ တစ်အုပ်စုဟာ လေထုထဲမှာ မီးလျှံကျီးကန်းတွေနဲ့ ခက်ထန်တဲ့ တိုက်ပွဲကြီး တစ်ခုကို ဆင်နွှဲခဲ့ကြပါတယ်။

လင်းဖုန်းကတော့ သူ့နေရာမှာသာ နေခဲ့ပြီး ဘာမှ မလှုပ်ရှားခဲ့ပါဘူး... သူ့ရဲ့ဘေးက ယန်ချင်ရဲ့ မျက်နှာမှာတော့ တွေဝေနေတဲ့ အကြည့်တွေကို တွေ့နိုင်ပါတယ်။ သူဟာ ကြောက်ရွံ့နေခဲ့သလို စမ်းကြည့်ချင်တဲ့စိတ်နဲ့ စိတ်နှစ်ခွ ဖြစ်နေခဲ့တယ်လေ။

လီချန်းရှီဟာ တိုက်ပွဲထဲကို မဝင်ခင်... သူတို့ကို စိုက်ကြည့်လိုက်ပြီးမှ ပြောလိုက်ပါတယ်... "ဟေ့... နင်တို့နှစ်ယောက်က ဘာဖြစ်လို့ ရပ်နေကြတာလည်း? အခုက မိစ္ဆာတွေကို နှိမ်နှင်းရမယ့် အချိန်ပဲလေ!"

ယန်ချင်ရဲ့ မျက်နှာဟာ ရှက်ကိုးရှက်ကန်းနဲ့ နီရဲသွားခဲ့ပြီး... အလောတကြီးနဲ့ပဲ ပြန်အော်လိုက်ပါပြီ... "ဟုတ်... လာပါပြီဗျ!" ပြီးတာနဲ့ သူမရဲ့ အနောက်ကို လိုက်သွားခဲ့တယ်လေ။

လင်းဖုန်းဟာ တည်ငြိမ်နေခဲ့ပြီး... လေပေါ်က တိုက်ပွဲကို ခပ်တည်တည်နဲ့ပဲ အကဲခတ်နေခဲ့ပါတယ်။ သူက မျက်နှာပြောင် တိုက်လိုက်ပြီးမှ ပြုံးလိုက်ကာ... "ဟီးဟီး... ငါကတော့ နောက်ပိုင်းကိုပဲ တာဝန်ယူလိုက်မယ်..." လီချန်းရှီကတော့ သူ့ရဲ့စကားကြောင့် ကြောင်သွားခဲ့ကာ... ဒေါသကြီးစွာနဲ့ နှာမှုတ်လိုက်ပါပြီ... "ဟွန့်... ငကြောက်ပဲ!" လင်းဖုန်းကို အနောက်မှာ ထားခဲ့ပြီး... မီးလျှံကျီးကန်းတွေ ရှိရာဆီကို လှစ်ကနဲ ထိုးဝင်သွားခဲ့ပြီလေ။ သူမရဲ့ တင်စီးတဲ့ အပြုအမူတွေကို လင်းဖုန်းက စိတ်ထဲမှာ မထည့်ခဲ့ပါဘူး... လေပေါ်က တဖြေးဖြေးနဲ့ ပြင်းထန်လာတဲ့ တိုက်ပွဲကိုသာ စိုက်ကြည့်ပြီးမှ နေခဲ့ပါတယ်။

သူ့ရဲ့ လေပြင်းစီးဆင်း မှော်ဝတ်ရုံကနေ ထုတ်လွှတ်လိုက်တဲ့ လေစီးကြောင်းတွေရဲ့ အကူအညီနဲ့... ကောင်းဖန်ဟာ လေထုရဲ့ အလယ်မှာ လွင့်မျောနေခဲ့ပြီး... မီးလျှံကျီးကန်းတွေကို သုတ်သင်နေခဲ့ပါတယ်။ သူ့လိုမျိုး အာရုံတွေကို ဆွဲဆောင်မှုရှိတဲ့သူဟာ... အမှောင်ညထဲက ပိုးစုန်းကြူးလိုမျိုး ထင်ပေါ်နေခဲ့တယ်လေ။ သူ့ရဲ့ ပါရမီနဲ့ စွမ်းရည်တို့ကို ဘယ်အရာကမှ မတားနိုင်ခဲ့ပါဘူး... တိုက်ပွဲကို လွှမ်းခြုံထားတဲ့ ကစဉ့်ကလျား ဖြစ်မှုနဲ့ မြူခိုးငွေ့တွေ အပါအဝင်ပေါ့။ သူ့ရဲ့ လေပြင်းဓားသွားကို ဝေ့ယမ်းလိုက်ပြီး... သူဟာ မီးလျှံကျီးကန်း တစ်ကောင်ကို နှစ်ပိုင်းပိုင်းလိုက်ပါပြီ။ သူ့ရဲ့ ဝတ်စုံဖြူအောက်မှာ သူဟာ အေးဆေးတည်ငြိမ်လို့ နေခဲ့ပါတယ်... သွေးသံရဲရဲနဲ့ မြင်ကွင်းဟာ သူ့ကို ဘာမှ အနှောင့်အယှက် မဖြစ်စေခဲ့ပါဘူး။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now