အပိုင်း ၁၁၈ : ပြည်သူလူထုတို့၏ မဟာမီးဖို နည်းစနစ်

449 58 0
                                    

အပိုင်း ၁၁၈ : ပြည်သူလူထုတို့၏ မဟာမီးဖို နည်းစနစ်

တောင်တွေဟာ တုန်ခါသွားခဲ့ပြီး သူတို့ရဲ့ တောင်ထိပ်တွေဟာ ကျိုးပြတ်ကာ ကြေမွကုန်ကြပါတယ်။ အစိမ်းရောင် ကျောက်စိမ်းရေစီးကြောင်း တစ်ခုဟာ ပတ်ကြားအက်တွေထဲကနေ ထွက်လာခဲ့ပြီး... ကောင်းကင်ယံကို ထိုးတက်သွားခဲ့ပါပြီ။

မီးလျှံကျီးကန်း သခင်လေးဟာ ဒီခမ်းနားလှတဲ့ မြင်ကွင်းကို ကြောင်ပြီးမှ ကြည့်နေခဲ့ရင်း... ချက်ချင်းဆိုသလိုပဲ သူ့ရဲ့မျက်နှာဟာ ဖြူဖွေးသွားခဲ့ပါတယ်... "ဟာ... မဟုတ်မှလွဲရော... ဒါက မဟာလမင်း အကြွင်းမဲ့ရေပဲ ဖြစ်ရမယ်? သူ့ကို ဒီမြေအောက်မှာ တစ်ချိန်လုံး ကွယ်ဝှက်ထားခဲ့တာလား?"

အကြွင်းမဲ့ သွေးမြစ်ရေ.. ငရဲကမ္ဘာ အကြွင်းမဲ့ရေတို့ အပါအဝင်... ဒီမဟာလမင်း အကြွင်းမဲ့ရေဟာ မဟာအကြွင်းမဲ့ ရေခြောက်ပါးထဲမှာ တစ်ပါးအပါအဝင်ဖြစ်တာပါ။ မဟာလမင်း အကြွင်းမဲ့ရေဟာ တခြား ရေငါးပါးကို ကျော်လွှားနိုင်ပြီး... ခေါင်းဆောင်နေရာကို ယူထားနိုင်တယ်လို့လည်း အဆိုရှိကြပါတယ်။
မဟာလမင်း အကြွင်းမဲ့ရေဟာ မဟာသူရိယ အကြွင်းမဲ့ မီးတောက်နဲ့ ယင်နဲ့ယန်လိုမျိုး... ဆန့်ကျင်ဘက် သဘောတရားတွေ ရှိကြပြီး... ဉာဏ်စမ်းပဟေဠိ တစ်ခုရဲ့ အစိတ်အပိုင်း တွေလိုမျိုး အံဝင်ခွင်ကျ ဖြစ်နေပေမယ့်... တစ်ခုနဲ့တစ်ခု တွေ့တဲ့အချိန်ကျရင်တော့ အကြီးအကျယ် ပျက်စီးမှုတွေကို ပေါ်ပေါက်စေခဲ့တာပါ။

ဒါကိုတွေ့လိုက်ရတော့... လင်းဖုန်းကလည်း... "ဟာ... ဒီနေရာမှာ မဟာလမင်း အကြွင်းမဲ့ရေအိုင်က ရှိနေလိမ့်မယ်လို့ ဘယ်သူကများ ခန့်မှန်းထားမိမှာလည်း?"

"ဟာ... ကောက်ကျစ်လှတဲ့ လူသားတွေ!" မီးလျှံကျီးကန်း သခင်လေးဟာ သူ့ရဲ့အရှေ့က အကြွင်းမဲ့ရေကို အနိုင်နိုင် ခုခံနေရင်းက ဟစ်ကြွေးလိုက်ပါတယ်။ ဒီရေဟာ သူ့လိုမျိုး မိစ္ဆာမီးလျှံ ငှက်တွေအတွက်က ကပ်ဘေးတစ်မျိုးပဲဖြစ်ပြီး... ထိတွေ့လိုက်ရုံနဲ့တင် မခန့်မှန်းနိုင်တဲ့ ဒုက္ခမျိုးစုံကို ခံစားရမှာပဲ ဖြစ်တယ်လေ။

တကယ်တမ်း ဆိုရရင်... မဟာသူရိယ အကြွင်းမဲ့ မီးတောက်ရဲ့ အကူအညီသာ မရှိခဲ့ရင်... မဟာလမင်း အကြွင်းမဲ့ရေဟာ သူ့ကိုဝါးမျိုသွားခဲ့မှာပဲ ဖြစ်ပါတယ်။ သူကလည်း သူ့ရဲ့အစွမ်းအကုန်ကို ထုတ်ရတော့မယ့် အချိန်ကို ရောက်ပြီမှန်း သိတာမို့... သူ့ဆီမှာရှိတဲ့ မီးလျှံကျီးကန်းရဲ့ စွမ်းအားတွေကို အဆုံးစွန်အထိ စုစည်းလိုက်ပြီး... မဟာသူရိယ အကြွင်းမဲ့ မီးစလေးကို အစွမ်းကုန် တောက်လောင်စေခဲ့တယ်လေ။
ဒီမီးတောက်လေးဟာ ကောင်းကင်ယံမှာ ထိန်လင်းသွားခဲ့ပြီး... သူ့ရဲ့ မဟာရန်သူကို တွေ့လိုက်ရတော့... သူသေကိုယ်သေ စိတ်ဓာတ်မျိုးနဲ့ နာကျည်းစွာ အော်ဟစ်လိုက်ပါပြီ။ မိုးကြိုးလိုမျိုး ထစ်ချုန်းသံတွေနဲ့အတူ... သေးငယ်ပေမယ့် စွမ်းအားကောင်းလှတဲ့ ရွှေရောင်ပန်းပွင့်ပေါင်း သန်းနဲ့ချီကာ လေထုထဲမှာ ပြည့်နှက်လို့ သွားခဲ့ပြီလေ... တစ်ခုချင်းမှာကလည်း ကိုယ်ပိုင်ပေါက်ကွဲမှု စွမ်းအားနဲ့ပါ။ နားကွဲလုမတတ် ဟိန်းဟောက်သံတွေဟာ မြေပြင်ကို တုန်ခါသွားစေခဲ့ပြီး... ရေစီးကြောင်းကို ဟန့်တားခဲ့ကာ မဟာလမင်း အကြွင်းမဲ့ရေကို ကြံရာမရ ဖြစ်စေခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now