အပိုင်း ၁၁၉ : ငါတကယ် မရည်ရွယ်ခဲ့ပါဘူး

441 65 2
                                    

အပိုင်း ၁၁၉ : ငါတကယ် မရည်ရွယ်ခဲ့ပါဘူး

အနီရောင် အလင်းတန်းတွေဟာ ကောင်းဖန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ လွှမ်းခြုံနေခဲ့ပြီး... လူအုပ်ကြီးရဲ့ သွေးတွေနဲ့ ဖန်ဆင်းထားတဲ့ မီးဖိုနဲ့ ရောနှောသွားခဲ့ပြီး... သူဟာ မဟာလမင်း အကြွင်းမဲ့ရေကို မျိုချလိုက်ပါတယ်။ ယန်ချင်ကလည်း ကောင်းဖန်ကို အံ့ဩထူးဆန်းတဲ့ အကြည့်မျိုးနဲ့ ကြည့်လိုက်ကာ... "ဟာ... မီးခံဆေးလုံး! ဒါတွေက မီးခံဆေးလုံးတွေပဲ!"

ကောင်းဖန်ကလည်း ပြုံးလိုက်ပြီး... "ဟဲဟဲ... ယန်ချင်... ငါပြောနေကြအတိုင်းပဲ... တကယ်တော့ မင်းက အတာမဟုတ်ပါဘူး... အနည်းငယ် အားနည်းနေရုံလေးပါ..." ဒီလူတွေကို ကောင်းဖန်တိုက်လိုက်တဲ့ မီးခံဆေးလုံးတွေဟာ... တကယ်တော့ ပြည်သူလူထုတို့ရဲ့ မဟာမီးဖိုကနေ သန့်စင်ထားတဲ့ ဆေးလုံးတွေပဲ ဖြစ်တာပါ။
ဒီဆေးလုံးတွေကနေပြီး... ကောင်းဖန်ဟာ ထုံးနည်း အခမ်းအနား တစ်ခုကို ပြုလိုက်ကာ... လူအုပ်ကြီးရဲ့ အသက်စွမ်းအင်တွေကို စုပ်ယူပြီး... ပြည်သူလူထုတို့၏ မဟာမီးဖိုကို လောင်စာအနေနဲ့ အသုံးချကာ... မဟာလမင်း အကြွင်းမဲ့ရေကို ထိန်းချုပ်တာပဲ ဖြစ်ပါတယ်။

လူအုပ်ထဲမှာလည်း ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ကြပါပြီ။ သန်မာပြီး ချဉ်းကပ်ရ လွယ်ကူတဲ့ စီနီယာကောင်း... သူတို့ မှီခိုအားကိုးနေတဲ့ စီနီယာကောင်း... အခုတော့ သူက မျက်နှာဖုံး ပြောင်းသွားခဲ့ပြီး အားလုံးကို ကူရာကယ်ရာ မဲ့စေခဲ့ပြီလေ။

"စီနီယာကောင်းရှင့်... ရှင်က ဘာကိုများ လုပ်ချင်နေတာလည်း?" လီချန်းရှီက တုန်ခါနေတဲ့ လေသံလေးနဲ့ မေးလိုက်ပါတယ်။ သူမက ကောင်းဖန်ဟာ တစ်နေ့မှာ ဒီလောက်အထိ ဝေးကွာသွားလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးပါဘူး။ ဖြစ်နိုင်တာက သူမဟာ သူ့ကို တစ်ခါမှ ထဲထဲဝင်ဝင် မသိခဲ့ဖူးတာပါ။

ကောင်းဖန်ဟာ တောက်ပစွာနဲ့ ပြုံးလိုက်ပါတယ်။ ကြမ်းတမ်းခက်ထန်တဲ့ တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ရပေမယ့်... သူရဲ့ ဝတ်စုံဟာ ဖြူစင်သန့်ရှင်းနေဆဲဖြစ်ပြီး... လေထဲမှာ တစ်ဖျပ်ဖျပ် လွင့်နေကာ လှုပ်ရှားတက်ကြွနေဆဲ ဖြစ်တယ်လေ။ သူ့ရဲ့အပြုံးဟာ နူးညံ့သိမ်မွေ့ပြီး ချစ်ခင်နှစ်လိုဖွယ်ရာ ကောင်းမြဲ ဖြစ်နေသေးပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now