အပိုင်း ၁၂၂ : ဒါက ငါဆိုလိုတဲ့ တရားမျှတမှုပဲ!

436 69 1
                                    

အပိုင်း ၁၂၂ : ဒါက ငါဆိုလိုတဲ့ တရားမျှတမှုပဲ!

လင်းဖုန်းဟာ ရုတ်တရက်ပဲ အတွေးတစ်ခု ပေါ်လာခဲ့ပြီး... ပြုံးလိုက်ကာ ငြိမ်ငြိမ်လေးပဲ နေလိုက်ပါတယ်။ ပိုပြီးဆိုးတာက သူဟာ အနားယူနေတဲ့အတိုင်း မျက်စိကိုတောင် မှိတ်လိုက်သေးတာပဲ ဖြစ်တာပါ။ သူ့ရဲ့ အပြုအမူဟာ နဂိုကတည်းက စိတ်လှုပ်ရှားနေကြတဲ့ လူအုပ်ကြီးရဲ့ ဒေါသကို ဆွပေးလိုက်သလိုမျိုး ဖြစ်သွားခဲ့တယ်လေ။

"ဟွန့်... ငါတို့က သူကများ ဘာတွေလုပ်ပြမလဲလို့ ကြည့်နေခဲ့တာ... သူက လေကြီးမိုးကြီးပဲ ပြောတတ်တာပဲကွ..."

"ဟာ... ကံဆိုးတာပဲကွာ... ငါတို့က အသက်ရှင်ဖို့ အခွင့်အရေးတွေ ပေါ်လာခဲ့ပြီလို့ တွေးနေခဲ့တာ..."

"ဟင့်... ဒီလိုလူမျိုးအပေါ်မှာ မျှော်လင့်ချက်တွေ ထားတာလား? မင်းက တော်တော်ကို တုံးတဲ့ကောင်ပဲ!"

ယန်ချင်ကလည်း လင်းဖုန်းဆီကို ကပ်သွားခဲ့ပြီး တိုးတိုးလေးနဲ့... "ဘာဖြစ်နေတာလည်း?"

လင်းဖုန်းရဲ့ နှုတ်ခမ်းတွေဟာ အပြုံးလေး တစ်ခုအဖြစ်ကို တွန့်သွားခဲ့ပြီး... ညင်သာစွာနဲ့... "ဟဲဟဲ... အေးအေးဆေးဆေးပဲ ထိုင်ပြီးတော့မှ ကြည့်နေပါကွ..."

ချင်ထောင်က လင်းဖုန်းကို သေချာစွာ စိုက်ကြည့်လိုက်ပြီး... နှာမှုတ်လိုက်ကာ... "ဟွန့်... ငါ့ရဲ့ မှော်စွမ်းအင်က မင်းအတွက် မလုံလောက်သေးဘူးလား? ဒါဆိုရင်လည်း မင်းက ဘာလုပ်နိုင်သလည်း ဆိုတာကို ကြည့်ရသေးတာပေါ့ကွာ!"

"မင်းက စွမ်းအားတွေကို ပြချင်နေခဲ့တာ ဘယ်သူ့ကိုလည်းကွ?" အသံတစ်ခုဟာ အဝေးကနေပြီး လွင့်ပျံကာ လာခဲ့ပါပြီ။ အသံကို စကြားရစဉ်တုံးက... စကားပြောတဲ့သူဟာ မိုင်ပေါင်းအဝေးကြီးမှာ ရှိနေတယ်လို့ ထင်နေခဲ့ရပေမယ့်... စကားဆုံးတဲ့ အချိန်မှာ ဒီလူဟာ သူတို့ရဲ့ မျက်စိရှေ့ကို ရောက်ရှိကာ လာခဲ့ပြီလေ။

ချင်ထောင်.. လီရှမ်နဲ့ လျှိုရှောင်တုန်းတို့ရဲ့ မျက်နှာတွေဟာ... အနက်ရောင် ဝတ်စုံကို ဝတ်ထားတဲ့ လူငယ်လေး တစ်ယောက်က သူတို့နဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ တောင်ကုန်းလေးပေါ်မှာ ပေါ်လာခဲ့တာကို တွေ့လိုက်ရတော့... ချက်ချင်းပဲ ပြောင်းလဲသွားခဲ့ကြပါတယ်။ ဒီလူငယ်ဟာ မြက်ပင်လေး တစ်ပင်ကို ဝါးနေခဲ့ပြီး... သူ့ရဲ့လက်နှစ်ဘက်ကို ခေါင်းရဲ့အနောက်မှာ ယှက်ထားခဲ့ကာ... စပ်ဖြဲစပ်ဖြဲနဲ့ သူတို့ကို စိုက်ကြည့်နေခဲ့တယ်လေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now