Chapter 18.1

5.1K 863 8
                                    

(Unicode)

လျော့သွားပြီး အသုံးပြုတာတိုးလာတဲ့ သူ့အိမ်ထဲက မြေစေးအိုးတွေကို ကြည့်ပြီး သူတစ်ခုခုကို ထပ်၀ယ်သင့်လား မ၀ယ်သင့်ဘူးလားလို့ ခဲယ်လ်တစ်က  တွေးနေတယ်။ဒီလိုသာဆက်ဖြစ်နေရင် အိမ်မှာ ညစာအတွက် ပန်းကန်လုံးတွေ မလုံလောက်တော့ပဲ ဖြစ်လိမ့်မယ်။

"ခဲယ်လ်တစ် ဦးလေးဘာရွန်အတွက် အသားကြော်တချို့ ယူသွားပေးလိုက်ပါ"တခြားတစ်ယောက်ရဲ့ပစ္စည်းကို သူယူခဲ့တာကြောင့် သူက တစ်စုံတစ်ခုပြန်ပေးသင့်တယ်လို့ ပိုင်မုထင်တယ်။

ခဲယ်လ်တစ်က သူ့မျက်နှာပေါ်က အပြုံးတစ်ပွင့်နဲ့အတူ အသားကြော်တစ်ပန်းကန်စာတချို့ကို မြေပန်းကန်လုံးထဲ ဖြည့်လိုက်ပြီး ဦးလေးဘာရွန်ဆီ သွားပို့ဖို့လုပ်လိုက်တယ်။

"ခင်ဗျားအဲ့ဒါကို သွားပို့တဲ့အခါ အပူပေးပြီးနောက်မှာ စားနိုင်ပြီလို့ သူ့ကိုပြောလိုက်ပါ ပြီးတော့ ဒါက အကြာကြီးသိမ်းထားလို့ရနိုင်တယ်"ပိုင်မုက ဆဲလ်တာအပြင်မထွက်ခင်မှာ ဂရုတစိုက်နဲ့ ရှင်းပြခဲ့တယ်။

"သိပါပြီ"ခဲယ်လ်တစ်ရဲ့ပါးစပ်ထောင့်စွန်းက ပိုပြီးကျယ်ပြန့်လာတယ်။ဒီပုံစံက သူ(ပိုင်မု)က သူ့(ခဲယ်လ်တစ်)ရဲ့ပါတနာနဲ့တူနေတယ်ဆိုတာ ပိုင်မုကတော့ သဘောမပေါက်ပါဘူး။ခဲယ်လ်တစ်က အသားကြော်တွေကို ပျော်ရွှင်တဲ့ခံစားချက်နဲ့ သွားပို့ခဲ့တယ်။ဘာရွန်က အသားကြော်တွေကို လက်ခံရရှိလိုက်တဲ့အခါ အဲ့ဒါက မွှေးကြိုင်ပြီး အရသာရှိတယ်လို့ သူခံစားလိုက်ရတယ်။သူက ဒီလိုနည်းလမ်းကို အရင်က တခါမှ မမြင်ခဲ့ဖူးဘူး။ဒါက နတ်ဘုရားတမန်တော်ရဲ့ အပြောင်မြောက်ဆုံးလက်ရာပဲ ဖြစ်ရမယ်။

ပိုင်မုက ညကျတော့ နေရာလွတ်ထဲကို ၀င်သွားတယ်။သူက ဒီနေ့မှာတော့ ပတ်၀န်းကျင်က ထူထပ်အုံ့ဆိုင်းနေတဲ့ တောအုပ်ကို တချက်သွားကြည့်ခဲ့တယ်။သူက ကွင်းပြင်ရဲ့အစွန်းနားတလျှောက်က ဟင်းသီးဟင်းရွက်တွေ ပေါများပြီး အလင်းရောင်ခပ်မှိန်မှိန်ဖြစ်နေတဲ့ ထူထပ်အုံ့ဆိုင်းနေတဲ့တောအုပ်ထဲကို ၀င်လိုက်တယ်။အနားကအရာအားလုံးက အသံတစက်မှမရှိနေပါဘူး။အင်းဆက်တွေမရှိဘူး။ငှက်တွေမရှိဘူး။လေတိုက်တဲ့အခါ သစ်ရွက်တွေလှုပ်ခတ်နေတဲ့အသံတောင် မရှိပါဘူး။ဒီခံစားချက်ကြီးက စိတ်သက်တောင့်သက်တာမဖြစ်ဘူး။ကမ္ဘာကြီးထဲမှာ မင်းတစ်ယောက်တည်းရှိနေသလိုမျိုးပဲ။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now