အပိုင်း ၁၃၁ : ဝူတူး ဗဟို နတ်ဘုရား အလင်းတန်း

438 58 0
                                    

အပိုင်း ၁၃၁ : ဝူတူး ဗဟို နတ်ဘုရား အလင်းတန်း

စကြာဝဠာ ကြေးမုံရဲ့ မြေကြီးလိုမျိုး အဝါရောင် အလင်းတန်းတွေရဲ့ ထိုးဖောက်မှုကို ခံလိုက်ရတော့... ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တွေဟာ ကြဲပြန့်သွားခဲ့ကြပါတယ်။

ဒီခရမ်းရောင် တိမ်တိုက်တွေနဲ့ အဝါရောင် အလင်းတန်းတို့ဟာ ပေါင်းစည်းသွားကြပြီး... တစ်ခုတည်း အဖြစ်ကို ပြောင်းသွားကြကာ ကမ္ဘာလေး တစ်ခုရဲ့ ပုံရိပ်အသွင်ကို ပြောင်းသွားခဲ့ကြပါပြီ။

ဒီပုံရိပ်လေးရဲ့ အထဲမှာ... ကမ္ဘာဦးအစက ဖန်ဆင်းခြင်းရဲ့ စွမ်းအားတွေရဲ့ အရိပ်အမြွက်တွေကို တွေ့မြင်နိုင်တယ်လေ။

လင်းဖုန်းကလည်း အတွေးတစ်ခုရဲ့ ရိုက်ခတ်မှုကို ခံလိုက်ရပြီး... သူ့ရဲ့ခေါင်းကို ငုံ့လိုက်ကာ စကြာဝဠာ ကြေးမုံကို ကြည့်လိုက်ပြီး... "အင်း... သန့်စင်တဲ့ အော်ရာနဲ့ မသန့်စင်တဲ့ အော်ရာတွေ... သန့်စင်တဲ့ အော်ရာတွေဟာ ကောင်းကင်ရဲ့ အပေါ်ကို တက်နိုင်ပြီး... မသန့်စင်တဲ့ အော်ရာတွေကတော့ မြေကြီးရဲ့ အောက်ကို ဆင်းသွားကြတာပဲ။ ဒါက ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ ဖွဲ့စည်းပုံပဲဟ..."

"တကယ်လို့များ ဒီကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တွေဟာ သန့်စင်တဲ့ အော်ရာတွေအဖြစ် ကောင်းကင်ကို တက်နိုင်လို့ရှိရင်... ဒီစကြာဝဠာ ကြေးမုံရဲ့ အဝါရောင် အလင်းတန်းကလည်း မသန့်စင်တဲ့ အော်ရာအဖြစ် မြေကြီးရဲ့အောက်ကို စိမ့်ဝင်သွားကြမှာပဲ..."

ဒီစကြာဝဠာ ကြေးမုံကနေ ထုတ်လွှတ်လိုက်တဲ့ အဝါရောင် အလင်းတန်းဟာ... ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တွေနဲ့ ပူးပေါင်းသွားပြီးမှ... ခရမ်းရောင် ဓာတ်ငွေ့တွေကို ကွဲပြန့်စေခဲ့ပြီး ပျက်ပြယ်စေခဲ့တာပါ။

ဒီအချိန်မှာတော့... လင်းဖုန်းဟာ သဘောပေါက် နားလည်သွားခဲ့ပြီဖြစ်ပြီး... ဘာမှ တွေဝေမနေတော့ပဲ... သူရဲ့ မှော်စွမ်းအင်တွေနဲ့ စကြာဝဠာ ကြေးမုံကနေ အဝါရောင် အလင်းတန်းတွေကို အားပေးပြီးမှ ထုတ်လွှတ်လိုက်ကာ... ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်တွေနဲ့ ပေါင်းစည်းနေခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now