အပိုင်း ၁၃၅ : မင်းတို့က ဒါကို ရှာနေတာလား?

379 56 0
                                    

အပိုင်း ၁၃၅ : မင်းတို့က ဒါကို ရှာနေတာလား?

လင်းဖုန်းဟာ သူတို့နှစ်ယောက်ကို အရေးမထားခဲ့ပဲ... ဝူတူးကျောက်တုံး လူဝံကြီးနဲ့ သူ့ရဲ့ မှော်ကျိန်စာ အသစ်ကို စမ်းသပ်ပြီးမှ သန့်စင်နေခဲ့ပါတယ်.

သူ့ရဲ့ လက်ဖဝါးကို အသာအယာပဲ ဝေ့ယမ်းလိုက်ရာ... ကြီးမားတဲ့ မှော်စွမ်းအင် လှိုင်းလုံးကြီးဟာ လူဝံကြီးရဲ့ ကျောက်တုံး ချပ်ဝတ်တန်ဆာ အပေါ်ကို ကျရောက်သွားခဲ့ပါပြီ။

ဒါပေမဲ့လည်း... ဒါက လူဝံကြီးရဲ့ အသားကို မထိခိုက်နိုင်ခဲ့ပါဘူး။

"အင်း... ဒီမှော်ကျိန်စာက... မှော်စွမ်းအင်တွေကို ခွဲဖြာနိုင်ပေမယ့်... လောကနှစ်ပါး လေဟာနယ် မန္တန်လိုမျိုး... လေဟာနယ်ကို ခွဲခြမ်းခဲ့ပြီး ရန်သူရဲ့ အသွေးအသားကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူးပဲ..." လင်းဖုန်းဟာ တဖြေးဖြေးနဲ့ သဘောပေါက် နားလည်လာခဲ့ပါပြီ... ဒီမှော်ကျိန်စာ အသစ်ဟာ သူ့နည်းလမ်းနဲ့သူ အစွမ်းထက်ပေမယ့်... တိုက်ခိုက်တဲ့ နေရာမှာတော့ လောကနှစ်ပါး လေဟာနယ် မန္တန်ကို မယှဉ်နိုင်ခဲ့ပါဘူး။

လူဝံကြီးရဲ့ ကိုယ်ပေါ်က ကျောက်တုံး ချပ်ဝတ်တန်ဆာဟာ... စွမ်းအား ဆယ်ဆလောက် တိုးမြင့်နိုင်ခဲ့ပြီး... သူ့ရဲ့မှော်ကျိန်စာ အသစ်ဟာ သူ့ကို ကွဲထွက်အောင် လုပ်နိုင်ခဲ့ပေမယ့်... အထဲက အသားကိုတော့ ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ဘူးလေ။

လင်းဖုန်းဟာ လူဝံကြီးရဲ့ ဒေါသတကြီး တိုက်ခိုက်မှုတွေကို ရှောင်ရှားနေခဲ့ရင်း... တွေးနေခဲ့ပါတယ်... "အင်း... ဒီမှော်ကျိန်စာ အသစ်မှာ ရှာဖွေဖော်ထုတ်ဖို့ အလားအလာတွေက အများကြီး ကျန်နေသေးတာပဲ..."

သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ သူ့ရဲ့ မှော်ကျိန်စာ အသစ်ကို သန့်စင်ဖို့ ဦးတည်နေခဲ့တာ ဖြစ်ပေမယ့်... ကျန်းဆန်းတို့ ညီအစ်ကို နှစ်ယောက်ရဲ့ မျက်စိထဲမှာတော့ လုံးဝကို ခြားနားနေတဲ့ အမြင်တစ်ခု ဖြစ်နေခဲ့တာပါ။

ဒီအမွှာနှစ်ယောက်ဟာ တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လိုက်ပြီးမှ ပြုံးလိုက်ပါပြီ... "အင်း... မှော်စွမ်းအင် လှုပ်ရှားမှုတွေကို ကြည့်ရတာ... သူက ရွှေရောင်ဗဟိုချက် အဆင့်ကိုတော့ မရောက်လောက်သေးဘူး..."

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now