အပိုင်း ၁၄၀ : စနစ်ကြီးဟာ သူ့ရဲ့ ချီးထုပ်သဘာဝကို ဖော်ပြခဲ့ပြန်ပါပြီ

447 64 0
                                    

အပိုင်း ၁၄၀ : စနစ်ကြီးဟာ သူ့ရဲ့ ချီးထုပ်သဘာဝကို ဖော်ပြခဲ့ပြန်ပါပြီ

"သင့်ရဲ့ဂိုဏ်းကို တည်ထောင်ဖို့အတွက် သင့်တော်ပြီး... လိုအပ်ချက်တွေနဲ့ ပြည့်စုံတဲ့ ကောင်းချီးမင်္ဂလာ နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီ ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်!"

"သင်ဟာ တတိယ အဓိက မစ်ရှင်ကို ပြီးမြောက်သွားပြီ ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်!"

"အဓိက မစ်ရှင် ပြီးမြောက်တဲ့အတွက်... အထူးဆုကို ထုတ်ပေးနေပါပြီ!"

စနစ်ကြီးရဲ့ အကြောင်းကြားချက်ဟာ လင်းဖုန်းရဲ့ နားထဲမှာ အဆက်မပြတ်ပဲ အော်မြည်နေခဲ့ပါတယ်။ သူတို့ကို ကြားလိုက်ရတော့... လင်းဖုန်းဟာ ပြုံးလိုက်ပြီး... "ဟဲဟဲ... ငါက သူ့ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေမယ့်... အနည်းဆုံးတော့ ငါက သင့်တော်တဲ့ ကောင်းချီးမင်္ဂလာ နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီး... စနစ်ကြီးက ဒါကို ငါရဲ့ ဂိုဏ်းရဲ့ ဗဟိုဌာနချုပ် နေရာကို ရှာဖွေတဲ့ မစ်ရှင်ပြီးမြောက်တယ်ဆို့ သတ်မှတ်လိုက်တာပဲ..."

"မဆိုးဘူး... တကယ်ကိုပဲ မဆိုးဘူး... ဟီးဟီး... ဆုက ဘာများလည်း ဆိုတာကို ကြည့်လိုက်ရအောင်..."

စိတ်လှုပ်ရှားလှစွာနဲ့... လင်းဖုန်းဟာ ရတနာ သေတ္တာအဖုံးကို ဖွင့်ကြည့်လိုက်ပါပြီ။

သူ့ရဲ့ အရှေ့မှာက သေးသွယ်တဲ့ နွယ်ပင် တစ်ခုပါ... ဒီအတိုင်း ကြည့်လိုက်ရင်တော့... ဘာမှထူးခြားနေတဲ့ပုံ မပေါ်နေပါဘူး။

ဒါပေမဲ့လည်း သူ့ရဲ့ ဖော်ပြချက်တွေကို ဖတ်ကြည့်လို့ အပြီးမှာ... လင်းဖုန်းဟာ ပျော်ရွှင်တက်ကြွလို့ လာခဲ့ပါပြီ။

စကြာဝဠာ အလင်းတန်း နွယ်ပင်သစ်မြစ်... သီးသန့် ဒိုင်မန်းရှင်း ကောင်းချီးမင်္ဂလာ နေရာတစ်ခုမှာ စိုက်ပျိုးနိုင်ပြီး... ဒီသီးသန့် ဒိုင်မန်းရှင်းရဲ့ အထဲမှာ သင့်ရဲ့ အလိုဆန္ဒအတိုင်း အချိန်စီးဆင်းမှုကို အပြောင်းအလဲ ပြုလုပ်နိုင်ပါတယ်။

အမြင့်ဆုံးအနေနဲ့... အဆတစ်ရာ မြန်ဆန်ခြင်း.. နှေးကွေးစေခြင်းတို့ကို ပြုလုပ်နိုင်တာပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now