အပိုင်း ၁၄၃ : ရွှေရောင်ဗဟိုချက်ကို မျိုချပြီး...

413 62 0
                                    

အပိုင်း ၁၄၃ : ရွှေရောင်ဗဟိုချက်ကို မျိုချပြီး... ရှင်ခြင်းနဲ့ သေခြင်းကို ဖြတ်ကျော်ခြင်း

ကျယ်လောင်လှတဲ့ ဗုံသံဟာ ကောင်းကင်ကို တုန်လှုပ်စေခဲ့ပါတယ်။ ပုံတူလေး တစ်ခုသာ ဖြစ်ပေမယ့်... ဒီဗုံဟာ နဂိုမူရင်းရဲ့ ဖျက်ဆီးနိုင်တဲ့ စွမ်းအားကို ဖော်ပြနိုင်ခဲ့ပြီး... မှော်ကျိန်စာ ဝင်္ကပါတွေကို ဖယ်ရှားနိုင်ခဲ့တာပါ။

ဟိုးအရင်တုံးက... မဟာမိုးကြိုး ကျောင်းတော်ကြီးရဲ့ အကာအကွယ် ဗီရိုကာနာ ဝင်္ကပါဟာ... ဒီဝင်္ကပါချိုးဖျက် ဗုံရဲ့ အကူအညီနဲ့အတူ... ရှန်းဝူ အင်မော်တယ် သတ်ဖြတ်ခြင်း ဝင်္ကပါရဲ့ ကျော်လွှားခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

အသံလှိုင်းလုံးကြီးတွေဟာ ရှုပ်ထွေးလှတဲ့ ပုံစံမျိုးနဲ့... ယင်-ယန် ဖန်ဆင်းခြင်းနဲ့ ယိုယွင်းခြင်း ဝင်္ကပါကို ရိုက်ခတ်လိုက်ပါပြီ။

ဒီလိုမျိုး အစွမ်းထက်တဲ့ ရန်ဘက်နဲ့ ရင်ဆိုင်လိုက်ရတော့... ယင်-ယန် ဖန်ဆင်းခြင်းနဲ့ ယိုယွင်းခြင်း ဝင်္ကပါဟာ ဝင်းလဲ့တောက်ပလာခဲ့ပြီး... ပုံစံပြောင်းလိုက်ကာ တိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့လည်း... အခုလက်ရှိ ယင်-ယန် ဖန်ဆင်းခြင်းနဲ့ ယိုယွင်းခြင်း ဝင်္ကပါဟာ အားပျော့နေသေးပြီး... သူ့ကို အထောက်အပံ့ပေးမဲ့ မှော်ရတနာတွေက မရှိသေးသလို... သူ့ကို တည်ဆောက်ရာမှာလည်း လိုအပ်တဲ့ ပစ္စည်းတွေ အစုံအလင် မရှိခဲ့ပဲ... ဝင်္ကပါကားချပ်ကိုသာ အသုံးချပြီး ကောင်းကင်နဲ့ မြေကြီးဆီက စိတ်ဝိညာဉ် စွမ်းအင်တွေကို စုဆောင်းခဲ့ရတာပါ။

လင်းဖုန်းကိုယ်တိုင်ကလည်း ဝင်္ကပါကို ထိန်းချုပ်နိုင်စွမ်း မရှိသေးပဲ... ဝင်္ကပါရဲ့ အလိုအလျှောက် တုံပြန်မှုအပေါ်မှာ မူတည်ပြီး တိုက်ခိုက်နေခဲ့ရတာလေ။

ဗုံသံရဲ့ အဆက်မပြတ် ရိုက်ခတ်သံတွေကြောင့်... ယင်-ယန် ဖန်ဆင်းခြင်းနဲ့ ယိုယွင်းခြင်း ဝင်္ကပါကို ဖွဲ့စည်းထားတဲ့ အလင်းတန်းတွေဟာ... ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ရုန်းကန် ကြိုးစားနေခဲ့ရင်း... တဖြေးဖြေးနဲ့ပဲ မှေးမှိန်လာခဲ့ပါတော့တယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now