အပိုင်း ၁၄၆ : လက်ချောင်းလေး တစ်ချက် ထိလိုက်ရုံနဲ့ပဲ

423 62 0
                                    

အပိုင်း ၁၄၆ : လက်ချောင်းလေး တစ်ချက် ထိလိုက်ရုံနဲ့ပဲ

"တောက်... ရိုင်းလိုက်လေ...!" လင်းဖုန်းဟာ ချန်ကန်းရဲ့ နဂါးကိုးကောင် ဝန်းရံပိတ်ဆို့ ဝင်္ကပါကို တစ်ချက်ကြည့်လိုက်ပြီး... သူ့ရဲ့ ညာလက်ကို မြှောက်လိုက်ကာ ခုတ်ချခဲ့လိုက်ပါပြီ။

ကောင်းကင်၏ စည်းရိုးများရဲ့ စွမ်းအားတွေဟာ ထိုးတက်လာခဲ့ပြီး... ငွေရောင်အလင်းတန်း နဂါးကိုးကောင်ကို တုန်ခါသွားစေခဲ့တယ်လေ။

လေဟာနယ် ဧရိယာ တစ်ခုဟာ နဂါးကိုးကောင် ဝန်းရံပိတ်ဆို့ခြင်း ဝင်္ကပါရဲ့ အထဲမှာ ရုတ်ချည်းပဲ ပေါ်လာခဲ့ပြီး... ငွေရောင် မြူခိုးငွေ့တွေဟာ ပျောက်ကွယ်လို့ သွားခဲ့ပါပြီ။

ဒီငွေရောင် မြူခိုးငွေ့တွေဟာ... မမြင်နိုင်တဲ့ အရံအတားလို့ ထင်နေရတဲ့ အရာတစ်ခုရဲ့ တားဆီးထားခြင်းကို ခံလိုက်ရတာပါ။

ငွေရောင်အလင်းတန်း နဂါးကိုးကောင်ရဲ့ ခေါင်းနဲ့ အမြီးတို့ဟာ ဒီနရံရဲ့ အဆက်အသွယ် ဖြတ်တောက်ခြင်းကို ခံလိုက်ရတော့... နဂါးကိုးကောင် ဝန်းရံပိတ်ဆို့ ဝင်္ကပါကလည်း ပျက်စီးသွားခဲ့ပါတော့တယ်။

ချန်ကန်းကလည်း အလစ်အငိုက် မိသွားခဲ့ပြီး... လေပေါ်က ခရမ်းရောင် တိမ်တိုက်တွေရဲ့ အလယ်မှာ လွင့်မျောနေခဲ့တဲ့ လင်းဖုန်းကို ကြည့်နေခဲ့ပြီး အံ့ဩတုန်လှုပ်နေခဲ့ပြီလေ။

အနည်းငယ်လောက် ချီတုံချတုံ ဖြစ်ပြီးနောက်မှာ... ချန်ကန်းဟာ သူ့ရဲ့ လက်ဝါးနှစ်ဘက်ကို သူ့ရဲ့ ရင်ဘတ်အရှေ့မှာ စုစည်းလိုက်ပြီး... နဂါးကိုးကောင်ဟာ မီတာသုံးရာကျော်ရှည်တဲ့ ဧရာမ နဂါးကြီး တစ်ကောင်အဖြစ်ကို ထပ်ဖန်တစ်ခါ ပေါင်းစည်းသွားခဲ့ပါပြီ။
ဒီနဂါးကြီးဟာ လင်းဖုန်းဘက်ကို မျက်နှာမူလိုက်ပြီး... သူ့ရဲ့ ပါးစပ်ကို ဟလိုက်ပါတယ်။ သူ့ရဲ့ ပါးစပ် အထဲကနေပြီး... စွမ်းအားကြီးလှတဲ့ အလင်းတန်း စက်ဝန်းလေး တစ်ခုဟာ ထွက်လာခဲ့ကာ... သူ့ရဲ့ဘေး ပတ်ပတ်လည်က လေဟာနယ်ကို လှိုင်းတွန့်တွေ အဖြစ်နဲ့ လှိုင်းထစေခဲ့ပါပြီ။

"နတ်နဂါး ဟိန်းဟောက်ခြင်း!"

အလင်းတန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဧရာမ ငွေရောင်နဂါးကြီးဟာ... အမြင့်ဆုံးက တိမ်တိုက်တွေ အထိတောင် ပဲ့တင်သံတွေ ထပ်သွားစေတဲ့ နားကွဲလုမတတ် ဟိန်းဟောက်သံ တစ်ခုကို ထုတ်လွှတ်လိုက်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now