အပိုင်း ၁၄၈ : နောက်ထပ်တစ်ခါ ပြန်ပြီးမှ ယှဉ်ပြိုင်ခြင်း

408 58 0
                                    

အပိုင်း ၁၄၈ : နောက်ထပ်တစ်ခါ ပြန်ပြီးမှ ယှဉ်ပြိုင်ခြင်း

အေးရီးစ်ကိုယ်ပွားဟာ တိုက်ပွဲကို အချိန်မဆွဲပဲနဲ့ အဆုံးသတ်လိုက်ပါတယ်။

တိုက်ပွဲဟာ မြန်လွန်းတော့ ချန်ကန်းကတောင် ဘာမှ တုံ့ပြန်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။

သူ့ရဲ့ မဟူရာ နဂါးဟာ ရှုံးနိမ့်သွားခဲ့တာကို မြင်လိုက်ရတော့... ချန်ကန်းဟာ ကြောက်ရွံ့တုန်လှုပ် သွားခဲ့ပါပြီ။

သူဟာ လင်းဖုန်းမှာက ကိုယ်ပွားတစ်ခု ရှိမယ်ဆိုတာကို အိမ်မက်ထဲမှာတောင် ထည့်မမက်ဖူးပါဘူး။ သူဟာ အမြဲတမ်းပဲ ဒါက ရုပ်သေးရုပ် တစ်ခုလို့သာ ယူဆနေခဲ့တာပါ။ ဒါကလည်း သူ့ကို အောင်ပွဲရမယ်လို့ မျှော်လင့်ချက်တွေ ဖြစ်စေခဲ့တာလေ။

ဘယ်ရုပ်သေးရုပ်မှ ဒီအေးရီးစ်ကိုယ်ပွားလို စဉ်းစားဆင်ခြင်ဉာဏ်ရှိပြီး သွက်လက်ထက်မြက်မှုတွေကို မပိုင်ဆိုင်ထားပါဘူး။ တကယ်လို့များ သူဟာ ရုပ်သေးရုပ်သာ ဖြစ်ခဲ့ရင်... ဒီမဟူရာ နဂါးက အခွင့်အရေး ရှိဦးမှာပါ။ ကံမကောင်းစွာနဲ့ပဲ... ဒီကိုယ်ပွားဟာ ဒီတောင်ပေါ်က သူ့ရဲ့ ပွဲဦးထွက်ကို အချိန်လုံးဝ မဖြုန်းပဲ လျှင်လျှင်မြန်မြန်နဲ့ပဲ အဆုံးသတ်လိုက်တာလေ။

ချန်ကန်းက အော်လိုက်ပါတယ်... "ဟေ့... မင်းက ဒီလူသတ်မှုတွေကနေပြီး လွတ်မြောက်နိုင်မှာ မဟုတ်ဘူးကွ! အထူးသဖြင့်... စူတောင်ဓားဂိုဏ်းနဲ့ လေနတ်ဘုရားဂိုဏ်းကပေါ့!"

ပြီးတာနဲ့ သူဟာ... နဂါးပုံပြောင်း မန္တန်ကို ရေရွတ်လိုက်ပြီး... ငွေရောင် အလင်းရောင် နဂါးတစ်ကောင်ရဲ့ လေပေါ်မှာ သယ်ဆောင်ခြင်းကို ခံလိုက်ရပါပြီ။ လေပေါ်ကနေပြီး... ချန်ကန်းဟာ ယုကျင်းတောင်ဆီကို ချီတက်လာခဲ့ပါတော့တယ်။

လင်းဖုန်းကလည်း မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး... လက်ချောင်းနှစ်ချောင်းကို မြှောက်လိုက်ကာ ချန်ကန်းဆီကို လောကနှစ်ပါး လေဟာနယ် မန္တန်ကို ထုတ်လွှတ်လိုက်ပါပြီ။
ချန်ကန်းရဲ့ ခန္ဓာကိုယ်ဟာ စနစ်တကျ မရှိပဲနဲ့ လည်နေခဲ့ကာ အော်လိုက်ပါတယ်... "လေပေါ်ဝဲပျံ နဂါးလမ်းသွယ်!"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now