အပိုင်း ၁၅၀ : လူတွေရှိရင် တိုက်ခိုက်မှုတွေက ရှိကြမှာပဲ

442 54 0
                                    

အပိုင်း ၁၅၀ : လူတွေရှိရင် တိုက်ခိုက်မှုတွေက ရှိကြမှာပဲ

ချန်ကန်းရဲ့ ရုပ်ကိုယ်ခန္ဓာဟာ အသတ်ခံလိုက်ရပြီး... သူ့ရဲ့ စိတ်ဝိညာဉ်ကတော့ ငရဲကမ္ဘာ အကြွင်းမဲ့ရေရဲ့ ချုပ်နှောင်ထားခြင်းကို ခံလိုက်ရကာ... ရုပ်သေးရုပ် တစ်ရုပ်အဖြစ်ကို အပြောင်းခံခဲ့လိုက်ရပါပြီ။

ငရဲကမ္ဘာ ရုပ်သေးရုပ် ဖန်ဆင်းခြင်း နည်းစနစ်ကို အသုံးအချခံလိုက်ရတော့... ချန်ကန်းကလည်း အမှန်တရားတွေကို ထိမ်ချန်မထားနိုင်ခဲ့တော့ပဲ... သူပြောခဲ့တဲ့ စကားလုံးတိုင်းဟာ ဒီထက်မှန်တာတောင် ဒီလောက်မမှန်နိုင်တော့ပါဘူး။

"ချန်ချွန်းတောင်ကြော တစ်လျှောက်မှာ?" လင်းဖုန်းက အဲ့ဒီနေရာကို သိပါတယ်... ဒါကတော့ ဟန်တွမ်းတောင်တန်းတွေရဲ့ အထဲဘက်မှာပါ။

ချန်ကန်းရဲ့ အဆိုအရဆိုရင်... အဲ့ဒီနေရာမှာ မိစ္ဆာကမ္ဘာနဲ့ ဆယ်သွယ်ထားတဲ့ အဝင်ဝ တစ်ခုရှိပြီး... မိစ္ဆာတွေဟာ အဲ့ဒီနေရာမှာ လေ့ကျင့်ဖို့အတွက် စုဝေးရောက်ရှိနေတတ်ကြပါတယ်။ လူသားမျိုးနွယ်စု အထဲက အစွမ်းထက်တဲ့ဂိုဏ်းဆိုလို့... ဆေးဝါးတစ်ရာဂိုဏ်းပဲ ရှိတာပါ။

ဆေးဝါးတစ်ရာဂိုဏ်းဟာ ဆေးရည်တွေ.. ဆေးဝါးတွေကို ဖော်စပ်တာကို အထူးပြုတဲ့ဂိုဏ်းပဲ ဖြစ်ပါတယ်။ သူတို့ဟာ တိုက်ခိုက်မှု ပညာရပ်တွေကို သိပ်မကျွမ်းကျင်ကြပေမဲ့... သူတို့ရဲ့ ဆေးပင်ဆေးမြစ်တွေကို လိုအပ်ချက်အရ... ရွေးချယ်မှု မရှိပဲနဲ့ အဲ့ဒီနေရာမှာ အခြေချနေရတာပါ။

လင်းဖုန်းက ချန်ကန်းကို ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်ပါတယ်... "အင်း... ငါကတော့ ဟင်းလင်းပြင် ဘုရားကျောင်းက တပည့်တိုင်းက မင်းလိုမျိုး မတုံးအဘူးလို့ ထင်တာပဲ။ လူတိုင်းကတော့ သူတို့ရဲ့ ကိုယ်ပေါ်မှာ မင်းလိုမျိုး ပန်ကျဲရဲ့ ကျိန်စာကို အထည့်ခံထားမှာ မဟုတ်နိုင်ဘူး..."

ချန်ကန်းက ပြန်ဖြေချင်စိတ် မရှိခဲ့ပေမဲ့... မတတ်နိုင်ပဲ ပြန်ဖြေခဲ့ရပါတယ်... "လူတိုင်းဟာ သူ့ရဲ့ နာကျင်မှုနဲ့ ရည်ရွယ်ချက်တွေကို နားမလည်နိုင်ကြပါဘူး။ သူတို့ဟာ အရမ်းကိုမှ အားနည်းကြပြီး... ဟင်းလင်းပြင် ဘုရားကျောင်းဟာ ဒီကမ္ဘာမှာ နံပါတ်တစ်ဂိုဏ်း ဖြစ်ပေမဲ့... တခြားလူတွေကို ဦးညွှတ်ချင်နေကြတာလေ..."

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now