႐ိုတာ(Arc -4.5)

11.1K 904 9
                                    

<Unicode>
"ကျုပ်ကခဗျားနဲ့အကျင့်စရိုက်မတူတာကိုအရမ်းကျေးဇူးတင်မိတယ်သိလား"

"မင်းပြောချင်ရာပြောငါဂရုမစိုက်ဘူး မင်းကိုရောငါကလိုချင်လို့ယူခဲ့တယ်ထင်နေတာလား မင်းအမေကငါ့ကိုသားသမီးဆိုတဲ့ကြိုးနဲ့ချည်ချင်နေခဲ့တာ ငါကဖျက်ချဖို့ပြောတယ်မင်းအမေကသာခေါင်းမာပီးမင်းကိုမွေးခဲ့တာ ငါကမင်းကိုလဲမလိုချင်ခဲ့သလို မင်းအမေကိုလဲငါချစ်မနေဘူး ငါလိုချင်တာသာယာမှု မင်းအမေကငါ့ကိုသာယာမှုပေးနိုင်မယ်ထင်လို့ယူခဲ့တာနောက်တော့လဲအလကားပဲ အဲ့တာကြောင့်ငါလိုချင်တဲ့အရာကို ငါ့ဘာသာရှာတယ်လုပ်ယူတယ် ဒါပဲ"

"တောက်စ်! ခဗျားဗျာ!"

အန်ဒရူးမှာဒေါသထွက်ကာထိုလူ့ရှေ့မှထွက်လာလိုက်ပီးအခန်းထဲဝင်ကာပစ္စည်းများအပေါ်မိမိဒေါသအားပုံချလိုက်သည်။ရင်ထဲမွန်းကြပ်လွန်တာကြောင့်အသက်ရှူပင်ခက်လာသည်။ထိုလူ့အားအဖေလို့တောင်မသတ်မှတ်နိုင်တော့လောက်အောင်ပင်။

(အဂူး ရလား)

(ရတယ်hostကြည်လင်နေအောင်လုပ်ထားပေးတယ်)

(ဟုတ်ပီသိမ်းထား ငါမောင့်ဆီသွားလိုက်အုံးမယ်)

....

"မောင်"

"အရုပ်လေး"

မငိုမိအောင်ထိန်းထားတဲ့မောင်ကသူ့ကိုမြင်တာနဲ့ရင်ခွင်ထဲဝင်ကာကလေးတစ်ယောက်လိုငိုချတော့သည်။မောင်ကအဲ့လိုပါပဲသူ့ရဲ့မျက်ရည်တေကိုအရုပ်လေးဆိုတဲ့သူတစ်ယောက်ထဲရှေ့မှာပဲကျတတ်သည်။

"မောင်မွန်းကြပ်လိုက်တာအရုပ်လေးရယ် အဲ့လူကကိုယ့်အဖေဖြစ်နေတာကိုယ်အရမ်းရှက်တယ်"

"ငိုလိုက်နော်မောင် အားရအောင်ငိုလိုက်"

"ဟင့် မောင့်ကိုဘယ်သူမှမချစ်ကြဘူး"

"မောင်ရယ် ဘာတေလျှောက်ပြောနေတာလဲ ငါရှိတယ်လေ ငါမောင့်ကိုအရမ်းချစ်တာပေါ့"

"ဟင့်"

"ငါ့ကိုကြည့်မောင်"

မျက်ရည်တေနဲ့မော့ကြည့်လာတဲ့မောင်။အင်း..နှပ်တေရောပေါ့။ရိုတာအသင့်ဆောင်ထားတဲ့လက်ကိုင်ပုဝါကိုထုတ်ကာသုတ်ပေးလိုက်ပီးမောင့်မျက်နှာအားလက်နှစ်ဖက်နဲ့အုပ်ကိုင်ကာ...

Revenge System(Completed)Where stories live. Discover now