႐ိုတာ(Arc -4.7)(end)

11.5K 934 30
                                    

<Unicode>
ဂျက်စီကာမှာမျက်ရည်များဖြင့်သာကြောင်ပီးရပ်နေမိသည်။လဲကျသွားတဲ့မိန်းကလေးအားရိုတာကထူပေးလိုက်ပီး...

"ခဗျားကတရိစ္ဆာန်ပဲ!ဒီမိန်းကလေးကခဗျားကြောင့်ဘဝပျက်ခဲ့ရတာ အခုလဲသူ့ဗိုက်ထဲမှာခဗျားရဲ့ရင်သွေးရှိနေတာကိုအခုလိုကိုယ်ထိလက်ရောက်လုပ်တယ် ခဗျားကလူစိတ်မရှိတဲ့သူပဲ"

"ဟ!သူ့ဘာသာဘယ်ကောင်နဲ့ရတာမှန်းမသိပဲနဲ့ ငါ့ကိုနာမည်လာတပ်တာကိုငါကလက်ခံရမှာလား"

'အကိုဘယ်လိုပြောလိုက်တာလဲbellကအကို့ကိုယုံကြည်လို့bellရဲ့အပျိုစင်ဘဝကိုပေးခဲ့တာ အခုလိုမစော်ကားပါနဲ့!'

"ဒီမှာမင်းလိုချင်တာပိုက်ဆံမလား ငါပေးလိုက်မယ်ကြိုက်သလောက်ပြောပီးရင်ဒီအိမ်ကထွက်သွားတော့"

'ဘာ!'

"စိတ်မပူပါနဲ့မင်းတစ်သက်စားမကုန်နိုင်လောက်တဲ့ပမာဏကိုပေးမှာပါ မင်းဘာသာမွေးချင်မွေးဖျက်ချချင်ဖျက်ချငါနဲ့မဆိုင်ဘူး"

ထိုအခါအန်ဒရူးက...

"ခဗျားပါးစပ်ကိုပိတ်လိုက်တော့!! လာပြန်ပီဒီစကား ခဗျားကလေရိုင်းရိုင်းပြောရရင်လုပ်ပဲလုပ်ချင်တဲ့သူ တာဝန်ယူဖို့ကျတော့ခေါင်းရှောင်တယ် ကလေးတစ်ယောက်ကိုဗိုက်ထဲထည့်ပေးထားရတဲ့မိန်းမတစ်ယောက်ကိုဒီစကားပြောတာနှစ်ခါရှိပီ  ခဗျားကျုပ်အမေကိုလဲဒီစကားပြောတယ် အခုဒီမိန်းကလေးကိုပါထပ်ပြောတယ် ခဗျားကိုလေကျုပ်ဘယ်လိုစကားလုံးတေနဲ့ပြောရမလဲတောင်မစဉ်းစားတတ်တော့ဘူး"

"သား သားကဘယ်လိုလုပ်သိတာလဲအဲ့အကြောင်းကို"

"ဒီလူပေါ့ဗျာ ကျုပ်ကိုအဲ့ဒီစကားမျိုးကိုဘာမှမဖြစ်သလိုပြန်ပြောပြခဲ့တာလေ မာမီဘာလို့ဒီလိုလူမျိုးနဲ့ဘာလို့ဆက်နေနေတာလဲ မာမီသူနဲ့ကွာရှင်းလိုက်တော့"

"ဟန်နီ မင်းအဲ့လိုလုပ်လို့မရဘူးနော် ကိုယ်ဘယ်လောက်ရှုပ်ရှုပ်မင်းကိုပဲချစ်တာမင်းသိပါတယ်ကွာ အဲ့မိန်းမကလဲတမင်ပိုက်ဆံလိုချင်လို့ဇာတ်လမ်းဆင်နေတာဟန်နီအရင်ကလိုပဲပိုက်ဆံနည်းနည်းပေးလိုက်ရင်သူပြန်သွားလိမ့်မယ် ကိုယ်မင်းကိုပဲချစ်တာပါကွာ"

Revenge System(Completed)Where stories live. Discover now