Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ

2.4K 553 14
                                    

Unicode

အခန်း(၃၅၆) - အထောက်အထား အစစ်အမှန်ပေါ်ပြီ

"ဆရာတူဦးလေးက ဝိညာဉ်သစ်သီးစားရတာ ကြိုက်တယ်ထင်တယ်" လင်ရွှမ်းဇီက မတ်တပ်ထရပ်လိုက်ပြီး သူ့သိုလှောင်အိတ်ထဲက အရည်ရွှမ်းရွှမ်း ပျားရည်မက်မွန်သီး နှစ်လုံးအား ထုတ်ယူကာ မဟာအကြီးအကဲ ဟွိုင်ယွီကို ကမ်းပေးလိုက်သည်။

"ကျွန်တော် ဒီသစ်သီးနှစ်လုံးကို တောင်ပေါ်မှာ အမဲလိုက်ရင်း ရလာတာ, စားပြီးတဲ့အချိန်မှာ ကျွန်တော့တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားရတယ်, ကြည့်ရတာ အထဲမှာ ဝိညာဉ်ချီတွေ အများကြီး ပါပုံရတယ်, ဆရာဦးလေး တစ်ချက်လောက် စမ်းစားကြည့်ပါလား"

မဟာအကြီးအကဲ ဟွိုင်ယွီသည် ထိုဝိညာဉ်မက်မွန်သီးများက ကြည့်ရတာ ချစ်စဖွယ်ကောင်းပြီး နူးညံ့နေကာ ပါးလွှာတဲ့ အရေခွံအောက်မှာ များပြားလှသည့် ဝိညာဉ်ချီများ ရှိနေသည်ကို မြင်ရနိုင်သည်။ အပြင်ကကြည့်တာတောင် အထဲမှာရှိတဲ့ သလင်းလို ကြည်စင်မှုအား တစ်ချက်ကြည့်တာနဲ့ မြင်နေရ၏။

သူက ချက်ချင်း ထိုမက်မွန်သီးများအား လက်ခံလိုက်ကာ ဆေးပင်မဆေးတော့ပေ။ ဒါ့အပြင် အဆိပ်ခတ်ခံရမှာကိုလည်း ကြောက်မနေပဲ ပါးစပ်နားယူကာ တစ်ချက်ကိုက်ဝါးပစ်လိုက်သည်။ သူကိုက်လိုက်တာနဲ့ တစ်ပြိုင်နက် ချိုမြတဲ့ အရည်များက သူ့ပါးစပ်တစ်ခုလုံး ပျံ့နှံ့သွားခဲ့၏။ မက်မွန်သီးရဲ့ အရည်က ရေခဲရေထဲ စိမ်ထားတဲ့ ရှားစောင်းလက်ပတ်ကဲ့သို့ အရသာရှိပြီး အလွန်လန်းဆန်းစေသည်။

ဒီထက်ပိုအရေးကြီးတာကတော့ အဲ့ဒီမက်မွန်သီး နှစ်လုံးကို စားပြီးတဲ့အချိန်မှာ မဟာအကြီးအကဲ ဟွိုင်ယွီက သူ့ဝမ်းဗိုက်နားက အနည်းငယ် ပူနွေးလာတာကို ခံစားရပြီး သူ့သွေးကြောတွေနဲ့ သေးလွှတ်ကြောတွေထဲက အလွန်သေးငယ်တဲ့ ချီပိတ်ဆို့မှုတွေက တစ်စိတ်တစ်ပိုင်း ပျော်ဝင်သွားခဲ့တာပဲ!

မဟာအကြီးအကဲ ဟွိုင်ယွီ၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ အများဆုံး သူ ဒီလို ဝိညာဉ်သစ်သီးမျိုးကို နယ်မြေကြီးကိုးခုရှိ တော်ဝင်ကောင်းကင်ဘုံ မြို့တော်မှာ စားဘူးခဲ့ခြင်းပင်။ ခရမ်းအင်ပါယာကောင်းကင်ဘုံ မြို့တော်ရဲ့ ပြင်ပမှာ ဒီလိုမျိုး သက်ရောက်မှု မြန်ဆန်တဲ့ သစ်သီးမျိုးကို တစ်ခါမှ မစားဘူးခဲ့ဘူး

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now