25.2

3.2K 361 3
                                    

မနက်ခင်းတောင်ပေါ်လေက အလန်းဆန်းဆုံးပင် အသက်ပြင်းပြင်းရှုရှိုက်လိုက်တာက လူကို လုံးဝ လန်းဆန်းသွားစေသည်လေ

စောနေသေးတာကိုအခွင့်ကောင်းယူကာ ချင်းးကျင်းနဲ့ လော့ယောင်ယောင် သူခိုးတွေလိုမျိုး သစ်သားအိမ်လေးထဲကထွက်လာခဲ့သည်။ ယွမ်စီနန်နဲ့ တခြားမီးသီးတွေသိသွားမှာစိုးလို့လေ ေတော်တ်ောကြာလျှောက်လာပြီး ဘယ်သူ့ကိုမှ နိုးအောင် မလုပ်ခဲ့ဘူးဆိုတာသေချာမှ အချင်းချင်းကြည့်ပြီး ပြုံးကာ ဖြည်းဖြည်းချင်းပြန်လျှောက်ကြတော့သည်။

မနေ့က မြစ်ဘက်ကို ပြန်လျှောက်လာတော့ မျက်နှာချင်းဆိုင်က မြက်တွေက လောင်နေတာကိုတွေ့လိုက်ရသည်။ မြေပြင်တစ်ခုလုံးမဲလို့

နွေဘက်နေ့ခင်းတွေက နဂိုကတည်းက ခြောက်သွေ့တာကြောင် ညလေတိုက်တဲ့ခါ မီးကူးတာ ပိုမြန်မှာပဲ ချန်ဟောက်နဲ့ အဲ့လူတွေ သူတို့ကို ပါလောင်မသွားတာ တကယ်ကံကောင်းတာ

အချိိန်က စောနေသေးတာနဲ့ယောင်ယောင်နဲ့ချင်းကျင်း တောင်ပေါ်ကို လျှောက်ကြဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူတို့ တောင်ခြေကိုရောက်တော့ တောင်ပေါ်မှာ လူတစ်ယောက်က ချောက်ကမ်းပါးအစွန်းမှာ ထိုင်နေတာကိုမြင်လိုက်ရသည်။ ဘယ်သူလဲ မမြင်ရပေမယ့် မိန်းကလေးတစ်ယောက်ဆိုတာတော့ သေချာသည်။

နစ်ယောက်သား တောင်ပေါ်ကိုဖြည်းဖြည်းချင်းတက်လာကြတာ နေက ခုမှထွက်ခါစဆိုတော့ မနက်ခင်းနေရောင်နွေးနဲ့ တကိုယ်လုံးနွေးထွေးသွားသလိုပင်

အစက ချောက်ကမ်းပါးအစွန်းမှာထိုင်ပြိးနေရောင်ကြည့်တာက လှပတဲ့ အရာတစ်ခုပင်ဒါမဲ့ သူများနေရာယူထားပြီး ဖြစ်တာကြောင့် နှစ်ယောက်သား အဲ့ကို မသွားတော့ဘဲ ကြီးမားတဲ့ကျောက်တုံးတစ်ခုကို ရှာထိုင်ကာနားလိုက်ကြသည်။

ထိုင်နေတဲ့သူက သူတို့ရဲ့လှုပ်ရှားမှုကြောင့် ဆူညံ့သံတွေ ကြားလိုက်ရပြီး လှည့်ကြည့်လာခဲ့သည်။

ခေါင်းလှည့်လိုက်တာကြောင့် ယောင်ယောင် ဘယ်သူလဲ ဆိုတာ မြင်လိုက်ရပြီး လန့်သွားကာ "လင်းဖေး" လို့ခေါ်လိုက်သည်။

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now