အပိုင်း ၁၅၉ : မော်တယ် စိတ်ဝိညာဉ် ဆေးလုံး

381 59 0
                                    

အပိုင်း ၁၅၉ : မော်တယ် စိတ်ဝိညာဉ် ဆေးလုံး

ဒီဆေးအိုးကြီးထဲက ကောင်ကလေးရဲ့ ခန္ဓာကိုယ် အခြေအနေကို အသေးစိတ် လေ့လာပြီးတဲ့ နောက်မှာတော့… လင်းဖုန်းဟာ ဒီမော်တယ် စိတ်ဝိညာဉ် ဆေးလုံးရဲ့ နောက်ကွယ်က အခြေခံ ဓာတ်တွေကို နားလည်သွားခဲ့ပါတော့တယ်။

ကောင်လေးရဲ့ ကိုယ်ထဲက လုံခွက်ဟာ… အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်က ကျင့်ကြံသူတွေရဲ့ လုံခွက်နဲ့ များစွာကွာခြားနေတာပါ။ သူ့ကို 'အတုအယောင် လုံခွက်'လို့သာ ဆိုနိုင်ပါတယ်။

ဒီအတုအယောင် လုံခွက်ကနေပြီး ဖန်ဆင်းထားတဲ့ ဗဟိုချက်ဟာလည်း… အစစ်အမှန် မဟုတ်နိုင်ပဲ အတုအယောင် ဗဟိုချက်ပဲ ဖြစ်တာပါ။

ဒီမော်တယ် စိတ်ဝိညာဉ် ဆေးလုံးဟာ အခြေခံအုတ်မြစ် အဆင့်က ကျင့်ကြံသူ တစ်ယောက်ကို… ရွှေရောင် ဗဟိုချက်ကို ဖော်ဆောင်ဖို့ ကူညီပေးနိုင်သလို… ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူတွေကိုလည်း သူတို့ရဲ့ ရွှေရောင် ဗဟိုချက်ကို အဆင့်မြှင့်ပေးဖို့တောင် တတ်နိုင်ပါသေးတယ်။

ဒါရဲ့ နောက်ကွယ်က အကြောင်းခံဟာ… ရှောင်ပုတန်လေးရဲ့ ဝမ်းကွဲအကိုက ရှောင်ပုတန်လေးရဲ့ အန္တိမ စိတ်ဝိညာဉ် လုံခွက်ကို ခိုးယူသွားတာနဲ့ ပုံစံတူနေတာပါ။

ဒီကောင်လေးရဲ့ ကိုယိထဲက အတုအယောင် လုံခွက်ဟာ ရင့်ကျက်လာခဲ့ပြီ ဆိုရင်တော့… သူ့ကို လုံခွက်လိုအပ်နေတဲ့ ကျင့်ကြံသူထံကို ပေးလိုက်မှာဖြစ်ပြီး… လျှို့ဝှက်မှော်ကျိန်စာ တစ်ခုကို အသုံးပြုကာ ဒီကောင်လေးရဲ့ ကိုယ်ထဲက အတုအယောင် လုံခွက်နဲ့ ဗဟိုချက်ကို ထုတ်ယူလိုက်မှာပဲ ဖြစ်ပါတယ်။

လုံခွက်ကို မဖော်ဆောင်နိုင်ပဲ… အခြေခံအုတ်မြစ် အလယ်အလတ် အဆင့်မှာ တစ်ဆို့ကြန့်ကြာနေတဲ့ သူတွေဟာ… ဒီကောင်လေးဆီက အတုအယောင် လုံခွက်ကို ရရှိပြီးသွားတဲ့နောက်မှာ… သူ့ရဲ့ ကိုယ်ပိုင် မှော်စွမ်းအင်ကို အသုံးပြုပြီး ဒီလုံခွက်လေးရဲ့ ပုံစံအတိုင်း အစစ်အမှန် လုံခွက်တစ်ခုကို ကျင့်ကြံနိုင်မှာပဲ ဖြစ်တာပါ။

ပြီးတာနဲ့ သူ့ရဲ့ အတုအယောင် ဗဟိုချက်ကို အသုံးပြုပြီးတော့… အစောနက နည်းလမ်းအတိုင်းပဲ အစစ်အမှန် ဗဟိုချက်ကို ကျင့်ကြံနိုင်မှာဖြစ်ပြီး… ဒီဖြစ်စဉ်ဟာ ဒီကျင့်ကြံသူက ရွှေရောင်ဗဟိုချက် အဆင့်ကို ရောက်သွားတဲ့အထိ ဆက်နေမှာ ဖြစ်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now