အပိုင်း ၁၆၄ : ဘယ်သူက ဟန်ဆောင်ပိုကောင်းတာလည်း?

365 58 0
                                    

အပိုင်း ၁၆၄ : ဘယ်သူက ဟန်ဆောင်ပိုကောင်းတာလည်း?

"မောက်မာတတ်တာက လူ့သဘာဝပဲ…" ဂန်ဂျင်ကျားဘုရင်က နောက်ဆုံးမှာတော့ မတ်တတ်ထရပ်လိုက်ပြီး… ခနဲ့တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပါပြီ။

"အရူးပဲ! ငါက မင်းရဲ့ အားနည်းချင်သလိုမျိုး ဟန်ဆောင်နေတာကို မသိဘူးလို့ ထင်နေတာလား? ငါက မင်းရဲ့ ဇာတ်လမ်းအတိုင်း လိုက်ကချင် ယောင်ဆောင်နေတာပဲ။ အမှန်တကယ်တော့… ဒီကနေ့ အပြတ်အရှင်း ခံရမှာက မင်းတို့ရဲ့ ဆေးဝါးတစ်ရာဂိုဏ်းပဲကွ!"

ဂန်ဂျင်ကျားဘုရင်က ကျယ်လောင်စွာနဲ့ ဟိန်းဟောက်လိုက်ရာ… ချန်ချွန်းတောင်ထိပ် တစ်ခုလုံး တုန်ခါသွားပါတော့တယ်။

သူဟာ သူ့ရဲ့ ရှေ့လက်တွေကို တောင်ထိပ်ဆီကို ဦးတည်ပြီး… အစွမ်းကုန် ဆန့်ထုတ်လိုက်ပါပြီ။ ချက်ချင်းဆိုသလိုပဲ… မိစ္ဆာစွမ်းအင်တွေဟာ တောင်တစ်ခုလုံးကို ရစ်ပတ်လွှမ်းခြုံသွားခဲ့ပြီး… အဆုံးမရှိတဲ့ လျှပ်စီးမိုးကြိုးတွေဟာ ကျဆင်းလာခဲ့ပြီလေ။
သူ့ရဲ့ ရှေ့လက်သည်းတွေဟာ ဧရာမ သံမဏိ လက်သည်းကြီး တစ်ခုအဖြစ်ကို ပြောင်းသွားကြကာ… မိုးကုတ်စက်ဝိုင်း တစ်လျှောက်မှာ ပြည့်နှက်သွားခဲ့ပါတော့တယ်။ ဒီလက်သည်းကြီးဟာ အရွယ်အစား အမတန်ကိုမှ ကြီးမားလှပြီး… တစ်ချက်ကုတ်လိုက်ရင် တောင်တစ်ခုလုံးက ပါသွားတော့မလိုပါပဲ။

မီတာထောင်ပေါင်းများစွာမြင့်တဲ့ တောင်ကြီးဟာ ဒီလက်ဝါးကြီးရဲ့ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရတော့… ဘေးက ဖုံးလွှမ်းနေခဲ့တဲ့ တိမ်တိုက်တွေ.. မြူခိုးတွေကလည်း ဖြေးဖြေးခြင်းပဲ လွင့်ပြယ်သွားခဲ့ပါပြီ။

ဂန်ဂျင်ကျားဘုရင်ရဲ့ တကယ့်ခန္ဓာကိုယ်ကတော့ အရွယ်အစား မပြောင်းလဲသွားခဲ့ပဲ… ကောင်းကင်ပေါ်က သံမဏိ လက်သည်းကြီးနဲ့ ယှဉ်လိုက်ရင်… အချိုးအစား မမျှတစွာနဲ့ပဲ သေးငယ်နေခဲ့ပါတယ်။

အပေါ်ကနေ ကြည့်လိုက်မယ် ဆိုရင်တော့ လက်သည်းတွေကိုသာ တွေ့မြင်ရမှာဖြစ်ပြီး… ဂန်ဂျင်ကျားဘုရင်ကတော့ အောက်မှာ ပျောက်ကွယ်နေမှာ ဖြစ်တာပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now