အပိုင်း ၁၇၀ : ကဲ... မိတ်ဆွေ... ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ခဏငှားပါဦး

400 57 1
                                    

အပိုင်း ၁၇၀ : ကဲ… မိတ်ဆွေ… ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ခဏငှားပါဦး

မဟူရာနဂါး ကျဲယုဟာ သူ့ကို မဖြစ်နိုင်တဲ့ တာဝန်တွေကို ထမ်းဆောင်ခိုင်းတဲ့ အတွက်ကြောင့်… လင်းဖုန်းရဲ့ ဆွေစဉ်မျိုးဆက် တစ်ဆက်လုံးကို စိတ်ထဲကနေ မေတ္တာပို့သ နေခဲ့တာပါ။ ဒါပေမဲ့လည်း ဒီအထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာကို တွေ့လိုက်ရတော့… သူ့ရဲ့ စိတ်ဓာတ်တွေဟာ တက်ကြွလာခဲ့ပါပြီ။

ဂန်ဂျင်ကျားဘုရင်ကလည်း ဒေါသထွက်သွားခံပြီး စိတ်ဆိုးလှစွာနဲ့… "ဟာ… မင်းတို့က ဒီမှော်အိုင်တမ်လေး တစ်ခုကို သုံးပြီးမှ ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား?!"

ကျားဘုရင်က ဒီလိုသာ ကြုံးဝါးနေခဲ့ပေမဲ့… အမှန်တကယ်ကတော့ တကယ်လို့သာ သူ့က ဒီလိုက်ကာရဲ့ လွှမ်းခြုံခြင်းကို ခံလိုက်ရမယ် ဆိုရင်… သူဟာ အန္တရာယ်ကြီးနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒါက အပြင်ကနေ ရပ်ကြည့်နေတဲ့ ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ ခြိန်းခြောက်မှုကိုလည်း ထည့်မတွက် ရသေးပါဘူး။

ကျဲယုဟာ မိစ္ဆာအုပ်ချုပ်သူ နောက်ဆုံးအဆင့်ကို ရောက်နေခဲ့ပြီဖြစ်ပြီး… ဘတ်စ်တလီ နဂါးမျိုးနွယ်စုရဲ့ အစွမ်းသတ္တိတွေကို ပိုင်ဆိုင်ထားတာပါ။ သူ့ရဲ့ ကိုယ်ခန္ဓာ စွမ်းအားဟာ ဂန်ဂျင်ကျားဘုရင်နဲ့ ယှဉ်လို့ရနေပါပြီ။ ဒါပေမဲ့လည်း မိစ္ဆာစွမ်းအားနဲ့ မှော်စွမ်းအင်တို့ရဲ့ ကွာခြားမှုတွေကြောင့်… တစ်ယောက်ချင်း ချကြရင်တော့ နှစ်ချက်.. သုံးချက်လောက် ချအပြီးမှ ကျဲယုကို အမှောက်သိပ်နိုင် လိမ့်မယ်လို့ ဂန်ဂျင်ကျားဘုရင်က ယုံကြည်နေခဲ့ပါတယ်။

ဒါပေမဲ့လည်း သူဟာ အထီးကျန် မိုးကြိုးကိုးလွှာ နတ်ဘုရား လိုက်ကာရဲ့ ရစ်ပတ်ခြင်းကို ခံလိုက်ရမယ် ဆိုရင်တော့… သူ့ရဲ့ စွမ်းအားအများစုကို လျှပ်စီးမိုးကြိုးတွေရဲ့ တိုက်ခိုက်မှုကို ခုခံတဲ့ နေရာမှာ သုံးလိုက်ရမှာဖြစ်ပြီး… ဒီလိုဆိုရင်တော့ ဒီဘတ်စ်တလီ အနက်ရောင် နဂါးနဲ့ တိုက်ပွဲဟာ တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်တာပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now